Chapter 30 (Finale)

540 38 16
                                    

"ကိုကို...ရင်ကပ်ပန်းမေ့ဦးမယ်နော်။
P ခုံပေါ်တင်ထားတယ်။ဒါမှမဟုတ်လည်း ပြီးမှ
P တပ်ပေးမယ်"

"အမယ်လေး...သတို့သားလေးရယ် ရှင့်ကိုကို ကိုမပူပါနဲ့ သူ့ခမျာ မိတ်ကပ် အွန်ထားရင်း ကိုကို့ကိုလှမ်းပူနေရတယ်"

"ချစ်လွန်းလို့အရာရာပူနေရတယ် မာမီရယ်။
ကိုကိုက အသေးစိတ်ကအစ PP လုပ်ပေးမှ
စိတ်တိုင်းကျတာ"

မိတ်ကပ်ခြယ်သပေးနေတဲ့ မာမီကတော့ ဒီ
သတို့သားအတွဲလေးကိုကြည့်ပြီး သူ့ရဲ့
တစ်ကိုယ်တော်ဘဝကြီးကို ဝမ်းနည်းနေတော့မှာအသေအချာပါပဲ။

ကိုကိုကလည်း တစ်ဖက်မှာ ဆံပင်ပုံစံသွင်းနေရင်းကနေ ပီပီပြင်ဆင်ခြယ်သနေတာကို တဖျတ်ဖျတ်လှမ်းကြည့်တယ်။ပီပီကလည်း ကိုကိုလှမ်းကြည့်တိုင်းမှာ
မျက်လုံးချင်းဆုံအောင်တမင်ကြံစည်ပြီး ကိုကို့ကို
အနေခက်အောင်လုပ်တယ်။ပီပီနဲ့များမျက်လုံးချင်းတစ်ခါစုံသွားရင် ကိုကိုကမျက်နှာကြီးနီပြီးမျက်လွှာကိုမြန်မြန်ချတယ်။ဒီမြင်ကွင်းက တစ်သက်မှာတစ်ခါသာ
မြင်တွေ့ရမယ့်မြင်ကွင်းမို့ ပီပီကတော့ကိုကို့ကို
အချိန်ပြည့်ငေးတာပဲ။ဘယ်မြင်ကွင်းကအလှဆုံးလဲမေးရင် မျက်နှာကြီးနီပြီးရှက်နေတဲ့ ကိုကိုမျက်မှာက
မြင်ဖူးသမျှမြင်ကွင်းတွေထဲမှာ မြတ်နိုးစရာအကောင်းဆုံးပဲ။

ဒီနေ့က တစ်သက်မှာတစ်ခါသာပြုလုပ်ရမယ့် PP ရဲ့ မဂ်လာပွဲနေ့။
တစ်နည်းအားဖြင့် ဘဝရဲ့လျှောက်လမ်းတစ်လျှောက်လုံး PP ရဲ့လက်ကိုဆွဲကာလျှောက်လှမ်းမယ့် ကိုကို့ကို
ထာဝရလက်တွဲဖော်အဖြစ်တရားဝင်အသိအမှတ်ပြုတဲ့နေ့။
ချစ်သူဖြစ်တာ တစ်နှစ်ပြည့်သည့်နေ့မှာပဲ PP တို့
လက်ထပ်ကြသည်မို့ နှစ်ဖက်မိဘများက မစောလွန်းဘူးလား လို့အမေးတွေရှိခဲ့သော်လည်း ကိုကိုနဲ့သူ့ရဲ့ချစ်ခြင်းတွေဟာ ဘဝသက်တမ်းရဲ့သုံးပုံနှစ်ပုံစာလောက်ခရီးပေါက်ခဲ့ပြီမို့ PP ကတော့စောတယ်လို့
မမြင်မိတော့ဘူး။ကျန်ရှိနေမယ့်သက်တမ်းတစ်လျှောက်ကို ကိုကိုနဲ့ပဲဖြတ်သန်းသွားချင်တဲ့ PP အတွက် အချိန်တွေဟာများပြားတာတောင်မလောက်ငှဘူးဖြစ်နေသေးတယ်။

Tomato's Love StoryWhere stories live. Discover now