Chapter 29

364 30 14
                                    

"ပျော်ရွှင်တဲ့ ဇာတ်သိမ်းသာရှိခဲ့မယ်ဆိုရင်
ငါတို့တွေ ဘာဆက်ဖြစ်နေမလဲနော်"

"ငါမင်းရဲ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့မှာပေါ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကိုကိုရေ...PP စာရေးတာများပြီး ခေါင်းတွေကိုက်နေပြီ"

တစ်ဖက်က ဘာမှပြန်လည်ဖြေကြားခြင်းမရှိတာမို့ လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးကိုပင် တစ်ချက်ကြည့်လိုက်မိသေးသည်။

"ဖုန်းလည်း မကျသွားပါဘူး"

အူလည်လည်ဖြစ်နေစဉ်မှာပဲ အိမ်ရှေ့တံခါးဝမှာလာရပ်သောအရိပ်လေးကိုမြင်လိုက်တာမို့ ဝရန်တာကိုထွက်ကြည့်လိုက်တော့ တွေ့ပါပြီ...
သူ့ရဲ့ ချစ်ရပါသော ကိုကို။

မေမေတို့မသိအောင် လှေကားကနေ ခြေသံဖွဖွလေးနင်းပြီး အိမ်တံခါးကိုဖွင့်ပေးလိုက်ပေမယ့်
ကိုကိုက အိမ်ထဲကိုဝင်မလာ။

"အထဲဝင်လေ ဘာရပ်လုပ်နေတာလဲ
အယ်...နေဦးလေ"

PP ကိုစကားဆုံးအောင်ပင်ပြောခွင့်မပေးဘဲ
လက်ကိုဆွဲကာ လမ်းမထက်ကို‌ Billkin ကခေါ်ဆောင်လာတာမို့ PP မှာရထားတွဲလေးလို
အလိုက်သင့်လေးပါလာရတော့သည်။

လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတဲ့ လက်ဖဝါးကြီးကြီးကို ငေးရင်း ကိုကိုခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားမိတော့ PP ကမ္ဘာမှာပန်းတွေဝေရသည်။

"ကိုကို...ဘယ်သွားနေတာလဲ"

"ကမ္ဘာမြေရဲ့ အပြင်ဖက်ကို"

~~~~~~~~~~~~~~~~~~~~

"လူလိမ် ကိုကို။
ပြောတော့ ကမ္ဘာမြေရဲ့အပြင်ဖက်ကိုဆိုပြီး
ကလေးကစားကွင်းဆီ ခေါ်လာတယ်"

ကွင်းပြင်ကျယ်ကျယ်ကြီးရဲ့အလယ်မှာ ထီးထီးကြီးတည်ရှိနေတဲ့ သံကြိုးနဲ့ချိတ်ဆက်ထားတဲ့ဒန်းပေါ်ဝင်ထိုင်ရင်း ပီပီလုံးက ကိုကို့ကို
နှုတ်ခမ်းဆူပြီး ပြောတယ်။

"ဖြည်းဖြည်းပေါ့ ကောင်လေးရယ်။
ကမ္ဘာကြီးက ထွက်မပြေးပါဘူး"

"ကမ္ဘာကြီးက ထွက်မပြေးဘူးဆို ဘယ်သူက ထွက်ပြေးမှာလဲ။
ဒီတစ်ခါ ကိုကိုထွက်ပြေးလည်း PP ကတော့
ကိုကို့ကိုလိုက်ရှာနေဦးမှာပဲ"

Tomato's Love StoryWhere stories live. Discover now