Chapter 19

267 40 9
                                    

"မဟုတ်ဘူးမလား...ကိုယ်အခုတွေးနေသလိုမျိုး
မဟုတ်ဘူးမလား"

"ဟုတ်တယ် ဟယ်ရီက ကျွန်တော့်ကိုဖွင့်ပြောထားတာ"

ဒန်းပေါ်ထိုင်နေတဲ့ Billkin က မျက်စိမျက်နှာတွေထားမရအောင်ပျက်နေပေမယ့် မြက်ခင်းစိမ်းတွေပေါ်ခြေဆင်းကာ လက်သည်းတွေကိုတိတိရိရိလှီးဖြတ်နေတဲ့ ပီပီလုံးကတော့ သာမန်စကားတစ်ခွန်းကိုပြောနေသလို ပေါ့ပေါ့ပါးပါး
ပုံစံမျိုး။

"အဲ့ဒါဆို ပီပီ့ဘက်ကရော?
သူ့ကို ဘယ်လိုအဖြေမျိုးပြန်ပေးမှာလဲ"

"အဲ့ဒါကတော့....တစ်ခုခုအပေါ်မူတည်မှာပေါ့။
ကျွန်တော်က အခြေအနေတစ်ခုကိုစောင့်နေတာ။
အဟက်...ကျွန်တော်စိတ်ကူးယဉ်ဆန်နေတာလည်း ဖြစ်နိုင်ပါတယ်လေ"

ဘာတစ်ခွန်းမှဆက်မပြောဘဲ Billkin Putthipong က ဒန်းပေါ်ကထကာ ခြံတံခါးဆီသွားတယ်။သဘောက သူ့အိမ်သူပြန်တော့မယ်ပေါ့။

ဒီလူကတော်တော်ရယ်စရာကောင်းတယ်။
မျက်ဝန်းတွေထဲမှာ ချစ်ခြင်းတွေအပြည့်ပျော်ဝင်နေတာတောင် ဖုံးကွယ်ထားချင်သေးတယ်။
ကျွန်တော့်ဆီမှာ နင့်နင့်နဲနဲ ကျရှုံးလိုက်စမ်းပါ။
အရှုံးကြီးရှုံးသွားတဲ့ ခင်ဗျားကိုကြည့်ပြီး ဟားတိုက်ရယ်မောချင်လို့။

အရာအားလုံးကိုသင်ပုန်းချေပြီး ဒီလူနဲ့ အဆင်ပြေအောင်နေနေတာ တကယ့်စိတ်ရင်းလို့
ထင်ရင် မှားသွားမှာပေါ့။တိရိစ္ဆာန်လေးတွေတောင်မှ တစ်ခါအရိုက်ခံရဖူးရင် မှတ်ထားသေးတာပဲ။အနှစ်နှစ်အလလက ရခဲ့တဲ့ဒဏ်ရာတွေအတွက် သူ့ကိုလည်းနည်းနည်းပါးပါးတော့
နာကျင်စေချင်မိတာ စိတ်ရင်းပါ။
ကျွန်တော်တစ်ယောက်တည်းကပဲ နာကျင်နေရရင် ဘယ်တရားပါ့မလဲ။

"လူတစ်ယောက်ကို အနူးညံ့ဆုံးနည်းနဲ့ဘယ်လိုအသေသတ်ရလဲ သိလား?

မျှော်လင့်ချက်တွေပေးပြီး တစ်စစီရိုက်ချိုးပစ်လိုက်!
စိတ်တွေကိုသတ်လိုက်ရုံဆိုပေမယ့် အခန့်မသင့်ရင် အဲ့ဒီလူက ကိုယ့်ကိုယ့်ကိုတောင်သတ်သေသွားနိုင်တယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့တွေမှာ Billkin အတွက်တော့ ကြမ္မာဆိုးငင်တဲ့ရက်တွေပဲ။စိတ်နဲ့လူနဲ့မကပ်ဘဲ လူနာတွေကို
ဆေးတွေမှားပေးမိတာလည်းအခါခါ။ဂျူတီချိန်တွေလည်း မှားဝင်လို့ဝင်။ယုတ်စွအဆုံး တစ်နေ့ကဆို ဆေးရုံကို ကားသော့ကြီးဆွဲပြီး
လမ်းလျှောက်လာမိတာပဲ။

Tomato's Love StoryWhere stories live. Discover now