အချိန်ကာလအားဖြင့် သုံးလလောက်ဖြတ်ကျော်လာခဲ့အပြီးမှာ PP ဟာ သူ့နှလုံးသားရဲ့ သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရရှိသွားခဲ့ပြီဖြစ်တယ်။
သူ ကိုကို့ကိုချစ်တယ်။
ဟိုးကလေးဘဝကတည်းက ချစ်ခဲ့တာ။
ထိုအချစ်တွေကိုဖုံးကွယ်ပြီး အမှတ်တရတွေကို မေ့ဖျောက်ခဲ့ပေမယ့် အဲ့ဒီလုပ်ရပ်တွေဟာ မှန်ကန်ခဲ့ရဲ့လား ဆိုတာကိုလည်း သူသေချာမသိတော့ဘူး။သေချာတဲ့အမှန်တရားတစ်ခုကတော့
ဘဝရဲ့အစ၊အလယ်၊အဆုံးကို ချစ်ရတဲ့ကိုကိုနဲ့
ဖြတ်သန်းချင်တာကိုပဲ။
ကိုကိုကလည်း အဲ့ဒီလိုတွေးနေမယ်ဆိုတာကို
PP ယုံကြည်တယ်။တစ်ဖက်မှာလည်း သူ့ကိုအများကြီးချစ်ပေးနေတဲ့ ဟယ်ရီ ဆိုတဲ့ကောင်လေးကို အသနားစိတ်
ဝင်ရပြန်တယ်။
တကယ်ဆို ဒီဇာတ်လမ်းမှာ ဟယ်ရီဟာ လုံးဝ
အပြစ်မရှိခဲ့တဲ့ လူတစ်ယောက်ပဲမဟုတ်လား။
ကိုကိုနဲ့သူ့ရဲ့ မပွင့်လင်းမှုတွေ၊အရွဲ့တိုက်မှုတွေကြားမှာ ဟယ်ရီဟာ ဓားစာခံဖြစ်ခဲ့ရတယ်။
ဟယ်ရီ့အပေါ် ခံစားချက်မရှိဘဲ နေခဲ့ရတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံတော့ဘူး။
ဘယ်အရာမဆို နားလည်ခွင့်လွှတ်ပေးမြဲ
ကောင်လေးမို့ ကိုယ့်လုပ်ရပ်တွေဟာ သူ့အပေါ်
သစ္စာဖောက်နေသလိုခံစားရတယ်။
ဘယ်အရာတွေဘယ်လိုပဲမှားယွင်းခဲ့ပါစေ
ဒီသူငယ်ချင်းလေးကိုတော့ အမှားတွေအားလုံးအတွက် ခခယယတောင်းပန်မှာပါ။"ဆောရီး ဟယ်ရီ
P နည်းနည်းနောက်ကျသွားတယ်"ဒီတစ်ခါလည်း ကော်ဖီဆိုင်လေးထဲမှာ အရင်ရောက်နေတဲ့သူဟာ ဟယ်ရီပဲ။
ချိန်းဆိုမှုတွေပြုလုပ်တိုင်းမှာ သတ်မှတ်ထားချိန်ထက် စောစီးစွာရောက်နှင့်နေသူဟာ အကြိမ်တိုင်းမှာ ဟယ်ရီပဲဖြစ်ခဲ့သည်။
အဲ့ဒီလိုပဲ...အတူရှိခဲ့တဲ့ နေ့ရက်တိုင်းမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးခဲ့သူဟာလည်း
ဟယ်ရီ ဆိုတဲ့ကောင်လေးပါပဲ။"P ဘက်က ထူးထူးဆန်းဆန်း စ ချိန်းတော့
ကိုယ်လည်းအံ့ဩနေတာ။
မတွေ့ရတာကြာတော့ နည်းနည်းစိတ်လှုပ်ရှားပြီး
ကြိုရောက်နေခဲ့တာ။
P က နောက်မကျပါဘူး။
ကိုယ်က စောရောက်နေခဲ့ရုံပါ"