Chapter 25

336 37 4
                                    

"ဟိုလေ အန်တီ PP ရှိလားမသိဘူးခင်ဗျ"

ဟယ်ရီ့ရဲ့အသံကိုကြားသွားသည့် PP ရဲ့မေမေက စာအုပ်တစ်အုပ်ကိုဖတ်နေရာမှ ဟယ်ရီရှိရာဆီ မော်ကြည့်လာပါသည်။

"ရှိတယ်သား...ပီပီလုံးအပေါ်ထပ်မှာ အိပ်နေတယ်ထင်တယ် မနက်စာစားပြီး ခေါင်းမူးတယ်ပြောပြီး အပေါ်တက်သွားတာ"

"နေမကောင်းဖြစ်နေတာလားခင်ဗျ"

"ဟိုတလောကတော့ ဖျားသွားသေးတယ်။
ဒီနေ့တော့ မနက်ကတည်းကခေါင်းမူးတယ်ပြောလို့ ဆေးတိုက်ထားတာပဲရယ် အခုထိတော့အပေါ်ကနေဆင်းမလာသေးဘူး။သားပဲသွားနှိုးလိုက်ပါကွယ် ညနေထိအိပ်နေရင်မကောင်းဘူး အန်တီတောင်အခုပဲသွားနှိုးမလို့"

"ဟုတ်ကဲ့ဗျ ပီပီ့အခန်းကဘယ်အခန်းလဲမသိဘူး"

"လှေကားထောင့်ချိုးလေးက တံခါးအနီရောင်လေးနဲ့အခန်း သား"

"ဟုတ်ကဲ့ အန်တီ...အဲ့ဒါဆို ကျွန်တော်အပေါ်တက်ပြီးသွားနှုတ်ဆက်လိုက်ဦးမယ်"

"အေးအေး သားတို့စားဖို့အန်တီမုန့်ယူလာပေးမယ်နော်"

"ဟုတ်"

PP ရဲ့အိမ်ကိုရောက်ဖူးတာအကြိမ်ပေါင်းများစွာ
ရှိပေမယ့် တစ်ခါမှတော့ PP ရဲ့အခန်းထဲ မဝင်ဖူးသေး။အမှန်တိုင်းပြောရရင် PP အခန်းကဘယ်မှာရှိသလဲဆိုတာတောင် သူမသိပါဘူး။

PP က အခုတလော ငြိမ်ချက်သားကောင်းနေသည်။စာရေးနေလို့လားမပြောတတ်ပေမယ့်
အပြင်သွားဖို့ခေါ်တိုင်း မလိုက်ချင်ဘူး ဟုပဲ ငြင်းဆန်နေသောကြောင့် ဒီနေ့တော့ PP ကို
အပြင်ခေါ်ထုတ်ဖို့ အိမ်ထိပါရောက်လာရခြင်းဖြစ်လေသည်။မြင်နေရရင်တောင် လွမ်းစရာကောင်း
တဲ့ ချစ်သူလေးနဲ့ အပြင်မှာမတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ။

PP ကအိပ်နေတာမို့ လှေကားတက်တာတောင်
ခြေကိုအသံမထွက်အောင်ဖော့နင်းကာတက်လာလိုက်သည်။အခန်းထဲဝင်ပြီးအိပ်နေသူကိုနှိုးရမှာဆိုပေမယ့် သူ့ခြေသံတွေကြောင့်တော့ PP ကို
မနိုးထစေချင်ပါ။သူသည် PP ကိုသူ့အတွက်နဲ့
ဘယ်သောအခါမှ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မည်မဟုတ်။

Tomato's Love StoryWhere stories live. Discover now