Chapter 6

285 31 9
                                    

ကျောင်းတက်ရက်ရဲ့ ဒုတိယနေ့မှာတော့ ကိုကိုဟာ ပီပီလုံးနဲ့အတူကျောင်းသွားဖို့ ပီပီလုံးရဲ့အိမ်ရှေ့မှာ စောင့်နေခဲ့ပါတယ်။

ကိုကိုရောက်နေတာကိုမသိတဲ့ ပီပီလုံးကတော့
သူ့ရဲ့အခန်းလေးထဲမှာ ကျောင်းဝတ်စုံကိုအေးဆေးဝတ်နေခဲ့ပါတယ်။မှန်လေးထဲက ပုံရိပ်ငယ်လေးကိုကြည့်ရင်း ခေါင်းတစ်ခေါင်းလုံးကို အုန်းဆီတွေရွှဲနေအောင်လိမ်းနေတဲ့ ပီပီလုံးဟာ လှချင်ရက်စက်စက်ယိုလေးပါ။
ခေါင်းဖြီးလေးနဲ့ဆံပင်လေးကိုသေချာဖြီး၊
နက်ခတိုင် အသေးစားလေးကို အတည့်ဖြစ်အောင်ပြင်ဝတ်ရင်းကနေ

"မှန်ထဲက ကောင်လေးက ချစ်စရာလေး ဟီးဟီး"

ရယ်လိုက်ရင် ညာဘက်ပါးဖောင်းဖောင်းလေးမှာ
ပါးချိုင့်လေးပေါ်လာအောင်မွေးပေးခဲ့တဲ့ မာမားဟာ ပီပီလုံးအတွက် သိပ်ကိုကျေးဇူးတင်စရာကောင်းလွန်းပါတယ်။

ရုတ်တရတ် မှန်ပြတင်းပေါက်ကတစ်ဆင့် အိမ်ရှေ့ကိုကြည့်မိတော့ မနေ့ညကလက်ကျန်မိုးရွာထားတာမို့ ရေဗွက်အသေးလေးတွေရှိရာဆီ ဖိနပ်ထိပ်လေးနဲ့တို့ကာ ဆော့နေတဲ့ ကိုကို့ကိုတွေ့လိုက်ရတယ်။

"အယ် တိုတို ရောက်လာပြီ"

အိပ်ရာပေါ်တင်ထားတဲ့ ကိုကိုနဲ့ဆင်တူ ကျောပိုးလွယ်အိတ်နီနီလေးကိုယူရင်း အိပ်ရာဘေးမှာရှိနေတဲ့ ခရမ်းချဉ်သီးအရုပ်လေးကိုလည်း အာဘွားတစ်ချက်ပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့ အိမ်အောက်ကိုဒုန်းစိုင်းဆင်းလာတဲ့
ကျောင်းဝတ်စုံနဲ့ ပီပီလုံးကိုတွေ့မြင်ရတော့မှာပဲဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကိုနဲ့ လမ်းအတူလျှောက်ရင်း ကျောင်းသွားရတာက ပီပီလုံးရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးပါပဲ။

မကြာခဏဆိုသလို ရေစက်တွေခိုနေတဲ့ သစ်ရွက်တွေကိုဆွဲလိုက်၊သစ်ရွက်တွေကနေ ရေတွေကျလာရင် လွတ်အောင်ထွက်ပြေးလိုက်နဲ့ ဆော့နေတဲ့ ပီပီလုံးကို ကိုကိုက နောက်ကနေ ဖမ်းဆွဲထားရတယ်။

ကိုကိုက ပီပီလုံးမဆော့အောင် လက်တစ်ဖက်ကိုဆွဲထားပေမယ့် နောက်လက်တစ်ဖက်ကနေ လမ်းဘေးမှာပေါက်နေတဲ့ အပင်တွေကိုလှမ်းဆွဲနေတဲ့ ပီပီလုံးဟာ တကယ့် မနိုင်စိန်ပါ။

Tomato's Love StoryWhere stories live. Discover now