Chapter 24

292 36 21
                                    

"အဲ့ဒီနေ့ညက ဖေဖေ့ဆီကို Billkin ရောက်လာခဲ့တယ် သား။သားကတော့ အိမ်ပေါ်ထပ်မှာ အိပ်နေလောက်ရောပေါ့။အမောတကြီးနဲ့ရောက်ချလာတဲ့
Billkin က မနက်ဖြန်ဆိုရင် ဩစတြေးလျကို
ပညာသင်သွားရတော့မယ်ဆိုပြီး ဖေဖေတို့ကိုပြောပြတယ်။အဲ့အကြောင်းကို သားသိရင် ငိုနေမှာစိုးလို့ဆိုပြီး သားကိုပြန်ပြောမပြဖို့ကိုလည်း
တစ်ဆက်တည်းမှာသွားခဲ့‌တယ်။

ပြီးတော့...အဲ့ကလေးက ဘာပြောတယ်ထင်လဲ။
အန်ကယ်တို့ရဲ့ သားငယ်လေး ပီပီလုံးကို သူ
အမြတ်တနိုးချစ်နေမိပါတယ်တဲ့လေ။အဲ့အချိန်တုန်းက သားငယ်ရဲ့အသက်မှ ဆယ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်။အမှန်တိုင်းပြောရရင် ဖေဖေ
အများကြီး ဒေါသထွက်ခဲ့ရတယ်။သားငယ်ကို
ညီလေးလို ခင်မင်လို့အချိန်တိုင်းအတူရှိနေပေးခဲ့တဲ့ ကောင်လေးက သားငယ်ကိုတိတ်တိတ်လေး
ချစ်နေတာကိုး။

Billkin က အဲ့ဒါကိုကြိုတင်တွက်ဆခဲ့တယ်ထင်ပါတယ်။သားငယ်ကိုပါ အသက်ပြည့်ရင် သူနဲ့
စေ့စပ်ပေးဖို့ ဖေဖေတို့ကိုပြောတော့တာပဲ။
သားကို သူကတစ်ဘဝလုံးစောင့်ရှောက်သွားဖို့
ဆုံးဖြတ်ပြီးပြီမို့ 'အန်ကယ်တို့ရဲ့သားငယ် အသက်ပြည့်တာနဲ့ ကျွန်တော့်ကိုပေးပါလားခင်ဗျာ'တဲ့။
အခုပြန်ပြောတော့ ရယ်ရပေမယ့် အဲ့ဒီအချိန်တုန်းကတော့ Billkin ကို ဖေဖေ့မှာဆွဲထိုးမိတော့မလိုပဲ။

အသက်ဆယ့်ရှစ်နှစ်ပြည့်ကာစ ကောင်လေးက သူ့ထက်ရှစ်နှစ်လောက်ငယ်တဲ့ ကလေးလေး
တစ်ယောက်ကို နှစ်တွေအကြာကြီးချစ်သွားလိမ့်မယ်ဆိုတာ ဖေဖေမယုံဘူး။ပြီးတော့ အဲ့ကလေးလေးက သူနဲ့လိင်တူ ယောက်ျားလေးတစ်ယောက်။အဲ့အချက်တွေကြောင့် ဖေဖေသူ့ကို
မေးခဲ့တယ် 'မင်းက ဂေးလား' ဆိုပြီး။Billkin က
ဖေဖေတို့သဘောကျလောက်မယ့် အဖြေကိုပေးခဲ့ပါတယ်။

"ယောက်ျားလေးတစ်ယောက်ကိုချစ်မိလို့
ကျွန်တော့်ကို gay လို့သတ်မှတ်ချင်ရင်လည်း
ကျွန်တော်က gay ပေါ့ကျွန်တော့်
ကမ္ဘာမှာ အမျိုးသမီးတွေကိုစိတ်ဝင်စားခဲ့သလို အမျိုးသားတွေကိုလည်း ကျွန်တော်သဘောကျခဲ့ဖူးပါဘူးကျွန်တော်ချစ်မြတ်နိုးတဲ့သူဟာ
ပီပီလုံး ဖြစ်နေခဲ့ရုံတင်ပါ"

Tomato's Love StoryWhere stories live. Discover now