ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
ပီပီလုံးတစ်ယောက် အိမ်မှာပဲပျင်းရိစွာ ဖြတ်သန်းနေရသည်။အပြင်လောကကြီးမှာလည်း နေနှစ်စင်းရှိသည့်အလား အပူရှိန်မြင့်တက်နေတာမို့
အခန်းထဲက အခန်းပြင်ကိုမထွက်ပါချေ။တစ်မနက်ခင်းလုံး အိမ်စာတွေလုပ်လိုက်၊စာကျက်လိုက်၊စာအုပ်တွေဖတ်လိုက်နဲ့ အချိန်ကုန်နေတာမို့
နေချိုတာနှင့်တစ်ပြိုင်နက် ကိုကိုနဲ့အတူ အပြင်ထွက်လည်ဖို့ စဉ်းစားထားပြီးသားပင်။ညနေခင်းရဲ့ ရောင်ခြည်ဖျော့ဖျော့ဝင်ရောက်ချိန်တွင် ပီပီလုံးတစ်ယောက် အနက်ရောင်ကြိုးသိုင်း
ဦးထုပ်အဝိုင်းလေးဆောင်းကာ ကိုကို့အိမ်ဘက်သို့ ထွက်လာခဲ့ပါတော့သည်။နဂိုထက်ပိုပြီး ခြေလှမ်းတွေသွက်နေရခြင်းမှာ
ကိုကို့ဖေဖေဝယ်ပေးထားသည့် ကိုကို့ရဲ့ scooter
အသစ်စက်စက်လေးကို စီးကြည့်ရန်လည်းပါသည်။"ကိုကိုရေ...ကိုကို! "
ပီပီ့ရဲ့ခေါ်သံကြားလို့ထင်သည်
ဆံပင်ရေစက်လက်ကို တပက်ပွဖြင့်သုတ်နေသည့် ကိုကိုက အိမ်ရှေ့ကိုထွက်လာကြည့်သည်။"ပီပီလုံးလေး လာလေ အိမ်ထဲဝင်"
"ဟုတ် ကိုကို"
"ကိုကို ရေချိုးထားတာလား"
"ဟုတ်တယ် ပီပီလုံးရဲ့
မနက်ကလည်း ချိုးပြီးသားပါ။ခုနက အားကစားလုပ်ရင်း ချွေးတွေထွက်လာလို့ ရေတစ်ခါထပ်ချိုးလိုက်တာ"မျက်နှာမှာ ရေစက်အချို့တွဲခိုနေတဲ့ ကိုကိုက
အချိန်တိုင်းကို ကြည့်ကောင်းနေတော့တာပါပဲ။"ကိုကို့ကို ပီပီ စိတ်ဆိုးတယ်သိလား"
ပီပီ့ရဲ့စကားသံအဆုံး ခေါင်းကို ရေခြောက်အောင်သုတ်နေတဲ့ ကိုကို့လက်တွေရပ်တန့်သွားပြီး
"ဟင်...ကိုကို ဘာလုပ်မိလို့လဲ ပီပီရဲ့"
"ကိုကိုက ချောလည်းချောတယ်။
စာလည်းတော်တယ်။ရယ်လိုက်ရင် ပါးချိုင့်တွေလည်း ပေါ်လာသေး။လူတိုင်းအပေါ်လည်း
စေတနာကောင်းသေးတယ်။ကဲ ပြော...ကိုကို့မှာ ဘာလိုအပ်ချက်ရှိသလဲ။
ကိုကိုက ချောလွန်းတော့ ပီပီက ကြည့်မရတော့ဘူး ကိုကိုရဲ့"