Zawgyi
" ဒါဆိုဒီနေရာကGolyeoပေါ့ ??_"
နောက်တစ်ခေါက်ထပ်မေးမှုအဆုံးတွင်တော့ ခုနအော်လိုက်သည့်သူကပင်ဆက်ပြောလေသည်...
" ဟုတ်တယ် ဒါကGolyeoအခုမင်းရောက်နေတာက နန်းတွင်း အဲအခုကတော့ငါတို့က ကိုယ်ရံတော်အတွက်လေ့ကျင့်နေကြတာလေ_"
" ကိုယ်ရံတော်အတွက်လေ့ကျင့်တာ _"
ထိုသူတို့၏အပြောတို့တွင်နောက်ပြောင်မှုသည်တစ်စက်မှပါမနေချေ..
'ဒါဆိုသူတို့တကယ်ပြောတာလား?? ငါတကယ်ကိုTimetravèlသွားတာလား??.... Hyungပြောခဲ့ဖူးသလိုဆို ငါအဲ့မှာပျောက်သွားမှာလား_?´" အခုမင်းလဲနိုးပြီဆိုတော့ လေ့ကျင့်ရတော့မယ် ငါတို့ကိုစောင့်ကြည့်နေတဲ့ ကိုယ်ရံတော်ခေါင်းဆောင်က ဒီနေ့အတွက်ငါတို့ရဲ့လှုပ်ရှားမှုတွေကို ဘုရင့်ဆီကိုတင်ပြမှာ _"
" အခုကဘယ်ဘုရင်လက်ထက်လဲ_"
" Jeon မင်းဆက်လေ အခုကJeon Dae Joon အုပ်ချုပ်တာ _"
" ဒါဆိုလဲသွားကြမယ် ငါသိတာတော့ မင်းကြီးကအသေကြောက်ဖို့ကောင်းတယ်တဲ့ လူတွေကိုအရမ်းနှိပ်စက်တယ်တဲ့ _"
ထိုအခါတွင်တော့ Hoseokဆိုသူကပြောလာခြင်း..ဟိုကြည့်ဒီကြည့်လုပ်ကာ လက်နှစ်ဖက်အားပိုက်၍ ပွတ်သပ်နေ၏..
SeokJinထိုအချိန်တွင်တော့မိမိဘာလုပ်ရမည်ကိုသေချာသိလေပြီ..
မိမိကိုယ်တိုင်သည် သရုပ်ဆောင်ဖြစ်၍မည်ကဲ့သို့သရုပ်ဆောင်ရမည်ကိုသေချာသိလေသည်..ထို့အတွက်ကြောင့်ထိုသူတို့မရိပ်မိစေရန်သေချာသရုပ်ဆောင်ရမည်..." သွားကြတာပေါ့ _"
ရှေ့မှNam Joon Hyung၏ခေါ်ဆောင်မှုနောက်သို့အားလုံးလိုက်သွားကြသည်...မိမိသည်တော့ထိုသူတို့အားလုံး၏နောက်ဆုံးတွင်သာလိုက်လာခဲ့ရသည်...
......................................
" ဒါဘယ်လိုဖြစ်ရတာလဲ Jungkook မင်းကိုအရှေ့ဘက်ကမွန်ဂိုတွေဘက်ကို သံတမန်အဖြစ်လွှတ်လိုက်တာလေ အခုဘယ်လိုဖြစ်ပြီး သူတို့ဘက်ကမကျေနပ်ကြောင်း ပြောလာရတာလဲ ??_"
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...