Part-21

246 37 6
                                    

Unicode***

" အစ်ကိုဆော့ဂျင်း သတိရပြီလား?"

"ဟမ်?"

သူနိုးလာတော့ဘေးမှာအစ်ကိုနမ်ဂျွန်းအပါအဝင်အစုံရှိနေသည်

ဟုတ်သား!?ဒီကိုပြန်ရောက်ရောက်ချင်းပဲသူလဲသွားတာ

ထယ်ယောင်းကတော့သူ့ကိုမြင်တော့အမြန်ပြေးလာသည်
သူထပ်စိတ်ဆိုးအောင်လုပ်မိပြန်ပြီပဲ

အရင်ကရောအခုရောသူ့ရဲ့ပုံစံကကွဲပြားမသွား ကွဲပြားသွားတာကတော့သူပင်

"အစ်ကိုကကျွန်တော့်ကိုပဲထားခဲ့ပြန်ပြီ အစ်ကိုနမ်ဂျွန်းရောအတူတူပဲ ဘာလို့လဲ ကျွန်တော်တို့အကုန်လုံးကမင်းသမီးလေးကိုစောင့်ရှောက်ပေးဖို့စေလွှတ်ခံရသူတွေပဲလေ
အခုကဘာလို့အကုန်လုံး..ဟာဗျာ!အကုန်မခေါ်ရင်တောင်ကျွန်တော်တို့တော့သိသင့်တယ်လေ အခု.. အခုဒဏ်ရာတွေနဲ့ပြန်လာမှသိရတယ် "

"အစ်ကိုတောင်းပန်ပါတယ်ယောင်းလေး အစ်ကိုကဒီအတိုင်းမင်းသမီးလေးလဲလူအများကြီးပါသွားရင်စိတ်ရှုပ်မယ်ထင်လို့ အကုန်လုံးကိုမပြောခဲ့တာ ပြီးတော့ပြေညပြလိုက်ရင်စိတ်ပူပြီးတော့ဖြစ်ဖြစ်လိုက်လာကြမှာပဲမလား!???"

ထယ်ယောင်းစကားကိုနမ်ဂျွန်းကခွန့်တုန့်ပြန်တော့ ထယ်ယောင်းဆီကဘာစကားမှထွက်မလာတော့ချေ..ဆော့ဂျင်းကတော့ကြောင်စီစီဖြင့်ကြည့်နေမိတုန်း..

အခုထယ်ယောင်းကသူ့ကိုစိတ်ပူနေသည်လေ..ပြီးတော့အရင်ကအမှားမျိုးကိုထပ်မမှားမိဖို့လဲသူဆုံးဖြတ်ပြီးသားမို့ ထယ်ယောင်းသူ့ကိုဒီထက်ပိုပြီးမတွယ်တာအောင်လုပ်ရပေမည်..

"ငါနားချင်နေပြီအကုန်ထွက်သွားလို့ရမလား??"

"အာ!ဟုတ်တယ်အစ်ကိုနားလေ ကျွန်တော်စောင့်ပေးမယ် အစ်ကိုနမ်ဂျွန်း!အစ်ကို​ဟိုဆော့ကိုခေါ်သွားလိုက်နော်"

ထယ်ယောင်းပြောပြီးတဲ့နောက်တော့နမ်ဂျွန်းကိုဟိုဆော့လဲခေါ်သွားလိုက်သည်

"ငါမင်းကိုလဲမတွေ့ချင်ဘူးထယ်ယောင်း!နမ်ဂျွန်းသွားရင်မင်းပါလိုက်သွားလိုက်တော့ "

တောင်းပန်ပါတယ် ထယ်ရယ် အစ်ကိုမျက်စိရှေ့မှာထပ်ပြီးနှုတ်ဆက်သွားမဲ့မင်းကိုထပ်မမြင်ချင်ရုံပါ အခုကသူပြောင်းလဲဖို့အခွင့်အရေးရှိတယ်မလား။

영원히-Forever(Z+U)Where stories live. Discover now