Zawgyi
" နောက်ဆုံးထိငါပါမယ်လို့ထင်ခဲ့တာမဟုတ်ဘူး..အား.အမေရေသားကိုသာသတ်လိုက်ပါတော့လား...ငါသာမိန်းကလေးအနေနဲ့မွေးလာရင်အခုလောက်ဆိုအေးဆေးနေနေရလောက်ပြီ _အယ်မဟုတ်သေးပါဘူး..အဲ့ကျလည်းကံမကောင်းလို့မိန်းကလေးအဖြစ်မွေးလာရင်လို့ နန်းတွင်းသူအဖြစ်ရောက်လာရင်မင်းကြီးနဲ့အဆင်မပြေပါဘူး .ငါကအရမ်းချောတော့မိန်းကလေးဖြစ်နေရက်လဲချောနေအုံးမှာ..မဖြစ်သေးပါဘူး..ဒါပဲကောင်းပါတယ်_"
စထွက်လာတည်းမှစ၍အနားတွင်တရသပ်ဆိုနေသည့် Hoseokကိုကျန်သည့်သူများမသိချင်ယောင်သာဆောင်ထားရ၏..သွားရသည့်ခရီးသည့်ကြမ်းရသည့်အပြင် ထိုသူသည်မမောနိုင်သောသူကဲ့သိုစကားအားတရစပ်ဆိုနေ၏...
Seokjinနားညီးလှသောကြောင့်သူ၏မြင်းအားကျော်တက်ပြီး မင်းသမီး၏ဝေါယာဉ်အနားသို့ကပ်ကာဆက်သွားလိုက်သည်...
" အာ..Seokjin hyungကျွန်တော့်ကိုစောင့်အုံးလေ _"
မိမိထွက်လာသည်ကိုမြင်သည်နှင့်ထိုပေါက်စသည်မိမိအနားရောက်လာကာငိုမဲ့မဲ့အသံဖြင့်စိတ်ဆိုးစွာဆိုလာသည်!_
" Hyungကလဲသွားရင်သွားမယ်မပြောဘူး..အဲ့hoseok Hyungကစကားအရမ်းများတယ် သူနဲ့Namjoon Hyungဆိုလိုက်တယ်သိလား ဟိုကလဲတကာ့်ကျောက်ရုပ် သူကလဲတကယ့်ကိုစကားများ _"
အချိန်တဖြေးဖြေးကြာလာသည်နှင့်အမျှထိုကောင်လေးသည်မိမိအားပိုကပ်လာလေဖြစ်သည်...
ထို့ပြင်မိမိနှင့်ရှိချိန်ဆိုလည်းသူ၏boxing smileကိုအမြဲထုတ်သုံးတတ်သည့်သူ.." မင်းလဲငါ့အနားကိုသိပ်မကပ်လို့ရမလား?_"
ထိုအခါတွင်တော့ထိုသူသည်စိတ်မဆိုးသည့်အပြင်သူ၏အပြုံးကိုပါလှိုက်လဲစွာပြုံးလာသည်..
" ဟီး..Hyungကလဲ Hyungကတကယ်ကိုချစ်ဖို့ကောင်းတာကို_"
Seokjinသူ၏စကားအဆုံးတွင်တော့မနိုင်ဘူးဟူသည့်ပုံစံဖြင့် မျက်လုံးအားတစ်ပတ်လှည့်လိုက်ပြီးနောက်မိမိအားကြည့်နေသည့်သူတစ်ဦးအားသတိထားမိလေသည်...
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...