Unicode***
အခုဆိုခမည်းတော်ရဲ့တာဝန်ကိုယူပေးမယ်ပြောတည်းက လက်မလည်တော့တဲ့အထိ..
အမတ်တွေရဲ့မသမာမှုတွေကိုလိုက်နေခဲ့တာလဲအချိန်တစ်ခုကြာနေပြီဖြစ်တဲ့အပြင်..အခုသူဖော်ထုတ်ခဲ့တဲ့မသမာမှုအတွက်သူတို့ကိုတာဝန်ယူထားတဲ့အမတ်နှင့်တစ်ခြားသောအကြီးအကဲတွေကိုနေရာကဖယ်သင့်သူကိုဖယ်ပြီးအမြစ်ဖျက်နိုင်ခဲ့သည်..
တစ်ချို့ကတော့သနားမှုနဲ့တောင်မထိုက်တန်တာမို့သေဒဏ်အထိကိုဂျောင်ကုမသနားပဲပေးခဲ့သည်...
ဒါပေမဲ့လဲအခုထိကိုသူမဖော်နိုင်ခဲ့သေးတာကတစ်ဦးတည်းသောခြယ်လှယ်သူပင်..
ခနပါပဲ သိပ်မကြာခင်မှာ ခင်ဗျားလဲအရင်လူတွေရဲ့လမ်းကိုလိုက်ရမှာမို့
အခုသူကြည့်နေတာက နိုင်ငံတော်ရဲ့အခွန်ငွေကိစ္စ ပြည်သူတွေဆီကရရမဲ့အခွန်ငွေလောက်ကိုပဲလိုက်ကောက်ခံနေပေမဲ့ အခုက တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လဆိုးရွားလာတဲ့ပြည်သူတွေရဲ့ဝင်ငွေ...
သေချာပေါက်ကိုထိုသူနဲ့သက်ဆိုင်နေမယ်ဆိုတာသူသေချာသိလေသည်
တဖြေးဖြေး ညှဥ့်နက်လာတာမို့ မျက်လုံးကရှေ့ကိုဆက်မမြင်ရတော့ ဒါ့အပြင်ကြည့်နေတဲ့စာတွေမှာနှစ်ချုပ်အခွန်စာရင်းဆိုတဲ့မှင်နက်နက်ကလွဲရင်ကျန်တာကဝေဝါးလျက်
အိပ်ရာဆီတကူးတကသွားမနေတော့ပဲ
ဘေးမှာတွေ့နေတဲ့စာရေးခုံပေါ်တွင်သာလက်တင်ရင်းမှေးစက်ခြင်းသို့သူ့အိပ်မက်ထဲမှာတော့ သူသိပ်တွေ့ချင်ခဲ့တဲ့အမျိုးသားငယ်လေးဟာသူ့ကိုထူထဲတဲ့ထိုနှုတ်ခမ်းသားလေးတွေနဲ့အလှပဆုံးပြုံးပြနေလေရဲ့!!!နှင်းဆီဖူးနှုတ်ခမ်းသားတွေကိုမြင်တိုင်း အဲ့ပန်းပွင့်လေးရဲ့ဝတ်ရည်ကမည်မျှချိုမြကြောင်းမြည်းစမ်းကြည့်ချင်ပါရဲ့...
"ငါမင်းကိုမုန်းတယ်ဂျောင်ဂု "
"ဟမ်?"
အနီးကပ်ကိုရောက်လာတဲ့ထိုလူသားလေးကခုနတွေ့ခဲ့တဲ့အပြုံးမျိုးကိုထပ်မပေးတော့ပဲ
နာကျည်း မဟုတ်ဘူး မုန်းတီးနေတဲ့အကြည့်တွေနဲ့သူ့ကိုကြည့်နေခဲ့တာ
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...