Part-14

333 42 12
                                    

Unicode***

"မယ် မယ် မယ်တော်ကြီးကလာတွေ့ပါတယ် "

လာတွေ့တာ??ဘယ်သူကလဲ မယ်မယ်ကလား???ဟယ်အွန်းဒီကိုရောက်တည်းက အဆောင်တော်ကိုအရှင်ကလွဲပြီးလာသူရယ်လို့မရှိ အစ်ကို​တော်ဂျီမင်းကလွဲရင်တစ်ခြားသောရံရွှေတော်တွေသာလာတတ်တာလေ
မယ်တော်ကြီးက အခုသူမကိုလာတွေ့တယ်ဆိုတော့ ဘာကိုလိုချင်တာလဲ

"ဝင်ခဲ့ခိုင်းလိုက်ပါ "

"မယ်မယ်ဝင်လို့ရပါပြီ "

ဟယ်အွန်းရဲ့ခွင့်ပြုချက်ရပြီးတာနဲ့ အထိန်းတော်ဆန်ရာ၏စကားဆိုသံကိုထပ်ကြားရသည်

"ဆူဘင်း~ မယ်မယ့်ကို ဂါရဝပြုပါတယ် "

" omm ဆူဘင်းမယ်မယ် ထိုင်ပါ "

မယ်တော်ကြီးကိုထိုင်ရစေရန် သူမနေရာကိုဖယ်ပေးလိုက်ပြီးးနောက် သူမကတော့ မယ်တော်ကြီးနှင့်မျက်နာချင်းဆိုင်တွင်နေရာယူလိုက်သည် ပြီးတာနဲ့

"အရှေ့မှာဘယ်သူရှိလဲ??အခုဆောင်းလက်ဖက်ရည်လာပို့ပေးပါ "

"ဟုတ်ကဲ့ဆူဘင်းမယ်မယ် "

"စိုးရွံမိပါတယ်မယ်မယ် ဘာအရေးကြောင့်များဒီလိုသေးနုပ်တဲ့အဆောင်တော်ကိုကိုယ်တိုင်ရောက်လာရတာပါလဲ? "

သူမစကားစပေးလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်မှစကားကိုချက်ချင်းကြားလိုက်ရသည်

"ယွန်းလေးဒီကိုလာဖြစ်လားဆူဘင်းမယ်မယ်"

ဘာလဲ ဒါကိုသိချင်လို့ဒိီအထိလာတယ်လို့တော့ငါ့ကိုမပြောနဲ့နော် အရှင်ကသူ့ရဲ့မိဖုရားတွေဆီလာတယ်ဆိုတာဘာကြောင့်မှန်းမသိလို့အခုလိုမေးနေရတယ်ဆိုတာတော့မဟုတ်ဘူးမလား

"ဟို ~~ညတိုင်းတော့ရောက်ပါတယ် "

ဖြေနေစဥ်သူမကိုသာသေချာသတိထားမိရင် နိီဆွေနေတဲ့ သူမရဲ့မျက်နှာကိုတွေ့ရပေမည်

"ယွန်းလေးကမင်းကိုချစ်လို့လို့ထင်နေတာလားဆူဘင်း? ? "

"မယ်မယ်ကသာပြောပြပေးခဲ့ရင်ဒီကဆူဘင်းကကျေးဇူးတင်မိမှာပါ "

"ဟက် မင်းသိလား?? ယွန်းလေးကမင်းကိုလက်ထပ်တယ်ဆိုတာသူ့ရဲ့လှည့်ကွက်တစ်ချို့ပဲ စစချင်းတော့ လူတိုင်း အထူးသဖြင့်သူတော်ကောက်ထားတဲ့မိဖုရားတွေကိုယ်လုပ်တော်တွေအပေါ်ကို ကောင်းပေးပါတယ် ဒါပေမဲ့ အချိန်တန်လို့ငြီးငွေ့လာခဲ့ရင် မင်းအခုလိုမြှောက်စားခံနေရပါအုံးမလားဆိုတာငါသိချင်တယ် "

영원히-Forever(Z+U)Where stories live. Discover now