Part-28

255 31 2
                                    

Unicode Ver:

မြင်းကိုဒုန်းဆိုင်းမောင်းနှင်လာတော့ ညတော်တော်မှောင်ရီနေချိန်မှာဂိုလျောသို့သူမရောက်သည်။

အရှင့်ကိုတဆင့်စာလွှာနဲ့သူမရောက်လာမည့်အကြောင်းကိုပြောပြလျှင်လဲမယ်တော်ကြီးကသံသယဝင်မှာအနှေးနဲ့အမြန်
ခိုစာနဲ့ပို့ရအောင်လဲသတိကြီးတဲ့အရှင် လူတကာကိုအယုံမလွယ်တဲ့အရှင်က ယုံကြည်မည်မဟုတ်။ဒါကြောင့် သူ့ဆုံးဖြတ်ချက် သူကိုယ်တိုင်သွားကာ အရှင်လိုက်ရှာနေရသူဟာ ကင်မ်ဆော့ဂျင်းဆိုသူဖြစ်ကြောင်းပြောပြချင်သည်။

ဖုံးကွယ်ထားဖို့မမျှော်လင့်ပေမဲ့ သူဟာ အရှင့်ကိုနာကျင်အောင်လွှတ်ထားမိသည် တောင်းပန်ပါတယ် အရှင်!

ပြတင်းပေါက်မှမြင်နေရသည့်လရောင်ကိုအသက်ဝဝရှုလျက်ခံစားသည် အမြင့်မှမြင်နေရသည့်အရှင်ရှိနေနိုင်မည့်နန်းတော်ကိုငေးမောသည်။

ညသန်းခေါင်ရောက်လျှင်တော့ သူမ အရှင့်ဆီသွားရပေမည်။

"ဒါ ကျွန်တော်မျိုးမဘက်ကအရှင့်အတွက်လုပ်ပေးနိုင်တာအကုန်ပဲ"

နားထောင်သူမရှိပေမဲ့သူမက အရှေ့စူးစူးကိုငေးလျက်စကားဆိုမိသည်။

ညအမှောင်ကိုစောင့်ရင်း အဆင်ပြေလောက်မည့်တည်းခိုခန်းတစ်ခုတွင်အနားယူနေသည်
သူမနေသည့်နေရာက နန်းတော်နှင့်အနီးဆုံးမို့သတိမထားမိစေရန်ဒီနေရာကိုရွေးရခြင်း။

ညအမှောင်ပိုပြီးသန်းလာလေ လရောင်ကလဲပိုပြီးထင်ရှားလာလေပင်ဖြစ်သည်။

အနက်ရောင်အင်္ကျီကိုဝတ်ဆင်လျက် ပုဝါအနက်ကိုပါမျက်နှာထက်ဖုံးကွယ်လိုက်သည်။
ထို့နောက်ခနအတွင်းပင် ပိုင်ရှင်မဲ့နေသောအခန််းက​ကြိုဆိုနေလေတော့သည်။

" ဒါကမင်းသမီးလေးအခန်းကိုသွားရမယ်မဲ့ဟာမလား?? "

"အေးလေ! "

အပျိုတော်လေးတို့ရဲ့တစ်ယောက်တစ်ပေါက်အသံကြောင့်မင်းသမီးအခန်းကိုသွားရမည်ဟုပြောသောအပျိုတော်နောက်မသိအောင်လိုက်ရသည်။

သိပ်မကြာခင်တွင်အခန်းရှေ့တစ်ခုရှေ့၌ရပ်တန့်လိုက်သည်။

စိတ်ချရပြီဆိုတော့မှ သူမလိုက်ဝင်သည်။

영원히-Forever(Z+U)Where stories live. Discover now