Unicode Ver:
သူတို့အတွက်အဆုံးသတ်ဟာ တဖန်ပြန်လှည့်လာလေပြီ
ယွန်းဂီသူကိုင်နေကျ တစ်နည်းဆိုရင် သူ့ညီတော်ရဲ့ချစ်ရသူကိုသတ်ခဲ့တဲ့ ဓားကိုဆွဲကိုင်ရင်း ပြတင်းပေါက်မှမြင်နေရသည့်သူ့ညီတော်တို့ အုပ်စုကိုလှမ်းကြည့်သည်ညီတော်ဟာ မယ်တော်နှင့်ဆင်သည် သူဟာဖခင်နဲ့ဆင်သလောက် ညီတော်ကတော့မယ်တော့ကိုယ်ပွားလိုပင် သိပ်အေးစက်သည် ချစ်တတ်သည် သို့သော် ထုတ်ပြောရမှာကိုလဲသိပ်ဝန်လေးတတ်သည်
ဒါအပြင် အငြိုးလဲအမုန်းလဲကြီးတတ်သည်
ဒါခနလေးနဲ့ပြန်တွေ့ချိန်မှာသူသိလိုက်ရတဲ့ညီတော်ရဲ့ အတ္တနှင့်ပုံစံပင်"ပွဲတော်ကိုလာတဲ့သူတိုင်းကိုဂရုစိုက်ပါ အထူးသဖြင့်။ ညီတော့်အနားကိုကပ်တဲ့သူတိုင်းကိုပိုဂရုစိုက်!"
မွန်ဂိုကနေ သူ့ရဲ့လေ့ကျင့်တပ်သားတွေရောက်လာတည်းက သူ့အနားမှာ ဂိုလျောအမှုထမ်းတွေနှင့်ရောထားနေရာချထားပေးလိုက်သည် ဒါမှလဲ သူကာကွယ်ချင်တဲ့သူတွေကိုကာကွယ်လို့ရမှာပင် ဂျွန်ဂျောင်ကုဟာ ညီတော်ကိုကာကွယ်နိုင်ပေမဲ့ သူ့ကိုလဲစိတ်မချ
သူအလုံးဆုံးပြင်ဆင်ပြီးချိန်တွင် အွန်းလေးကလဲ သူ့အနားကိုရောက်လာချေပြီဖစ်၏
" ညီလေးကိုစိတ်မချနိုင်ဖြစ်နေတာလားအရှင်?"
သူမအမေးကိုပြန်မဖြေခဲ့ပေ ဒီအတွက်သူ့အဖြေကမလိုလောက်အောင်မှန်နေခဲ့တာမို့
သူအတွေးဆုံးတော့ ညီတော်လဲ သူ့မျက်လုံးရှေ့ကပျောက်သွားချေပြီ။
" ကိုယ်တော်!"
ပြောမဲ့စကားက အွန်းလေး၏အကြည့်တို့တွင်လေထဲ၌သာရပ်တန့်ကုန်သည်
"ဘာပြောဖို့လဲအရှင် ပြောလေ?"
" မဟုတ်ပါဘူး အွန်းလေးပြင်ဆင်လို့ပြီးပြီလား? သွားနှင့်လို့ရမလား?ကိုယ်ဆော့ဂျင်းနဲ့စကားတစ်ချို့ပြောစရာရှိနေသေးလို့"
" ဒါဆို ခွင့်ပြပါအုံးအရှင်!"
သူ့စကားအဆုံးတော့ သူမကအလိုက်သိစွာစကားထပ်မဆိုတော့ပဲထွက်သွားလေသည်
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...