Part-10

627 67 8
                                    

Zawgyi >>>>>

(အခုကစပြီးနာမည်​​တွေကိုမြန်​မာလိုပဲ​ရေး​တော့မယ်​​နော်​)

"အိမ်​​ရှေ့စံ​ရောက်​လာပါတယ်​မင်းကြီး"

ကုန်းကုန်းတစ်​​ယောက်​ရဲ့​အော်​သံအဆုံးမှာ​တောင်​​ဂျောင်​ဂုအထဲကခွင့်​ပြုသံကိုဆက်​မ​စောင့်​ချင်​​တော့​ ကျွန်​​တော်​လာတယ်​ဆိုတာသတိပြုပြီးပြီပဲမလား?

" ခမည်း​တော်​ကိုဂါရဝပြုပါတယ်​ _"

"Omm! ဘာ​ကြောင့်​အခုလိုပြန်​လာရတာလဲ​ဂျောင်​ဂု အဟွတ်​! အဟွတ်​!! ဟယ်​အွန်း​လေးကို​စောင့်​​ရှောက်​ရမယ်​​လေ ဂျီမင်းနဲ့ထားခဲ့တာလား?"

မျက်​တွင်းတို့ကကျ၍အားနည်း​နေပုံရသည့်​ခမည်း​တော်​သည်​ ဘယ်​နှစ်​ရက်​ဆက်​တိုက်​အိပ်​မ​ပျော်​​နေခဲ့တာလဲ?ဒါမှမဟုတ်​မိမိတို့သွားတဲ့​နေ့တည်းကလား? အဲ​နေ့မတိုင်​ခင်​တည်းကလား!
ထို​နေ့မတိုင်​ခင်​တည်းကဆိုရင်​​တော့
ညီမ​လေးကိုဆိုသန်​မာ​ကြောင်း​ကိုသာပြချင်​​သောသူမို့ အတတ်​နိုင်​ဆုံးဖုံးကွယ်​ရဖို့အသည်းအသန်​ကြိုးစားလိမ့်​မယ်​?ဟက်​..အလိုက်​တာ ကိုယ်​တိုင်​က​တောင်​မသိခဲ့ဘူးမဟုတ်​လား?!

" ဟိုမှာ​စောင်​​​ရှောက်​ဖို့ကများပါတယ်​ အလင်းက​နေကာကွယ်​ဖို့​ရော အ​မှောင်​က​နေကာကွယ်​ဖို့ပါ ကျွန်​​တော်​စီစဉ်​ထားခဲ့တယ်​ အခု​တော့ ကျွန်​​တော့်​ကိုဘာ​တွေဖုံးကွယ်​ဖို့လုပ်​​နေတယ်​ဆိုတာ​ပြောပြသင့်​တယ်​မလား?"

" ငါအားနည်း​နေပြီဆိုတာဘယ်​သူမှသိလို့မရဘူး! "

" ကျွန်​​တော်​​တောင်​မှလား? _"

နောက်​ဆက်​တွဲစကားသံက​အေးစက်​စက်​​လေသံတို့​နောက်​​ပျောက်​ကွယ်​သွားသည်​...

" ​ရောက်​ပြီဆိုရင်​အနားယူလိုက်​​တော့ ​နောက်​​နေ့ ဟယ်​အွန်းဆီကိုပြန်​ဖို့လုပ်​​တော့​ဂျောင်​​လေး_"

ဒါပါပဲ သူလိုချင်​တာရဖို့အရာတိုင်းသုံး​လေ့ရှိတဲ့မိမိနာမည်​~!

" ရတယ်​အ​ဖေ သိပ်​မကြာ​စေရဘူး အ​ဖေမသိ​စေချင်​တဲ့အ​ကြောင်းအရာကိုကျွန်​​တော်​ဖော်​ထုတ်​ပြီးဖျက်​စီး
ပြမယ်​_"

영원히-Forever(Z+U)Where stories live. Discover now