<<zawgyi>>
တဖြည်းဖြည်းကျရောက်လာသည့်နေရောင်ခြည်က မျက်နှာပေါ်သို့ကျလေသည့်အခါ သူမမျက်ခုံးတို့အားတွန့်ချိုးလျှက်
ခေါင်းပေါ်စောင်ခြုံကာပြန်အိပ်ရန်ပြင်၏...တစ်ချက်ခေါင်းထဲဝင်လာသည့်အတွေးက မိမိရောက်နေသည့်နေရာက အနွေးထွေးဆုံးသောသူများရှိနေသည့်
မိမိမွေးရပ်နေရာမဟုတ် တစ်ပါးသူ၏ပြည်တွင်ဖြစ်ပြီး တစ်ခြားသူ၏ အိမ်တွင်နေရခြင်း...မျက်လုံးမှိတ်၍ပဲစောင်ခြုံလိုက်သောကြောင့်လားမသိ..မျက်လုံးဖွင့်ချိန်တွင်ဘေးတွင်ရှိနေသည့်မိန်းမတစ်ဦးကြောင့် ထအော်လိုက်သည်...
'အား!!_ရှင် ဘယ်သူလဲ??_"
" စိုးရွံမိပါတယ်မင်းသမီး မင်းသမီးနိုးပြီအထင်နဲ့ သန့်ရှင်းရေးလုပ်ပေးဖို့လာခဲ့တာပါ..ဒါပေမဲ့ အိပ်ပျော်နေသေးတာမို့ မနှိုးသေးပဲစောင့်ပေးနေတာပါ.."
သူမသည်ခေါင်းကိုမဖော်သေးပဲ အချိန်အတန်ကြာထိ ဆိုနေလေသည်..
'ညက အထိန်းတော်မဟုတ်သလိုပဲ..ထားပါလေ..ငါကအခုမှရောက်တာဆိုတော့ စောင့်ရှောက်ဖို့အထိန်းတော်အထိစီစဉ်မပေးသေးတာနေမှာပါ..´
Hae Eun စိတ်ထဲ၍ပဲလားမသိ...သူမအကြည့်တို့ကတစ်ခုခုကိုစူးစမ်းနေသယောင်..
(Allie ပြောချင်တာရှိပါတယ် မွန်ဂိုလူမျိုးတွေက ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေကိုစကားပြောရင် ခေါင်းငုံပြီးပဲပြောကြပါတယ် မျက်လုံးကမော့ကြည့်ခွင့်မရှိပါဘူး...ပြောချင်တာပြီးရင်တော့ ခေါင်းပြန်မတ်ခွင့်ရှိပါတယ်နော်..တကယ့်မွန်ဂိုလူမျိုးတွေရဲ့အယူကဘယ်လိုလဲတော့မသိပေမဲ့
Allieလုပ်လိုက်တဲ့ယဉ်ကျေးမှုပါနော်)" ဒါဆိုကျွန်မကိုကူညီပေးလို့ရမလား?? မင်းကြီးကိုလဲသွားတွေ့ချင်တာမို့လေ_"
" ဟုတ်ကဲ့ ကျွန်မပြင်ဆင်ပေးပါမယ်_"
သူမ၏ဦစဆောင်ခေါ်ရာအဆုံးတွင်တော့ ပန်းပေါင်းဆုံးစိုက်ပျိုးထားသည့် အခန်းတစ်ခုတွင်းသို့မိမိအားခေါ်သွားသည်...
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...