Unicode ***
တစ်ယောက်တစ်ပေါက်နှင့်အမတ်တို့ရဲ့စကားသံကြောင့်နားတွေပူထူနေပြီဖြစ်သည်
သို့သော်လည်း သူတစ်ခွန်းမှတော့ဝင်မပြော
ဘာလို့ဆို သူပြောစရာတောင်မလိုပဲသူ့ဘက်ကပြောပေးတဲ့သူတစ်ချို့နဲ့သူ့ကိုဆန့်ကျင်တဲ့သူတနည်းအမတ်ကင်မ်ရဲ့ကျွေးမွေးခံထားရတဲ့သူတွေကြားကအပြိုင်ပွဲမို့...သူ့နည်းတူငြိမ်နေသူကအမတ်ကင်မ်ပင်။မည်မျှပင်ငြိမ်သက်နေတယ်ဆိုစေကာမူ ဒီလိုသွေးမရှိတဲ့လူလိုဖြူစုတ်ပြီးငြိမ်သက်နေစရာမှမလိုတာပဲလေ...
ပြီးတော့သူကဘာကိုစိတ်ပူတာလဲ ညီမတော်တို့ပြန်လာမှာမို့လို့လား? ဒါမှမဟုတ်သူ့သားပြန်လာမှာမို့လို့ဝမ်းသာလွန်သွားတာလား??နောက်ဆုံးက ညီမတော်နဲ့အတူ မွန်ဂိုအရှင်ပါလာမှာမို့လို့လား??
နောက်ဆုံးအမတ်တို့ရဲ့စကားတိုက်ပဲဲပြီးတဲ့အခါမှာတော့ ညီလာခံကိုအဆုံးသတ်လိုက်သည်..................
" မင်းသမီးတို့နန်းတော်ထဲရောက်ပါပြီအရှင်!"
ညီလာခံပြီးနောက် ကြားရတဲ့စကားသံက ခုနသူရှိခဲ့သမျှဒေါသတို့ကိုယူပစ်လိုက်သလို
"သားတော်"
သူမရောက်ခင်အဆောင်ထဲရောက်နေပြီဖြစ်တဲ့ခမည်းတော်ကခါတိုင်းထက်ဒီနေ့ကပိုပြီးရွှင်လန်းနေသလိုပင်။
"ခမည်းတော် ဒီအထိကိုဘာလို့လဲနားမနေပဲနဲ့ညီမတော်တို့လာရင်လာတွေ့ခိုင်းလို့ရပါတယ်"
" ဘယ်ဖြစ်မလဲ? မတွေ့တာကြာတဲ့အပြင်လာတွေ့တဲ့သူကို နည်းနည်းပါးပါးကြိုဆိုပေးရမှာပေါ့ "
"ဒါဆိုလဲလာထိုင်နေပါ မတ်တပ်ရပ်မနေတော့နဲ့"
အဆောင်ထဲရောက်တည်းကမထိုင်သေးပဲတမျော်မျော်လုပ်နေတဲ့သူက ဆောက်တည်ရာမရသေးသည့်သူလို ရက်စက်တဲ့မင်းအဖြစ်အုပ်ချုပ်ခဲ့တယ်ဆိုတာဘယ်သူမှတောင်ယုံမှာမဟုတ်....
သက်ပြင်းချရင်း သူ့ဘေးကိုဝင်ထိုင်ပြီးအရှေ့ကိုထပ်ကြည့်နေသည်...
သူတို့သိပ်တော့ကြာကြာမစောင့်လိုက်ရ
အရှေ့မှမင်းသမီးနဲ့မင်းသားဂျီမင်းရောက်လာပါပြီဆိုတဲ့အသံနဲ့အတူ သူ့ညီမနှင့်ညီတော်ကဝင်လာသည် အနောက်ကနေတော့ မင်ယွန်းဂီဆိုသူကလိုက်ပါလာ၏....
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...