Part-27

207 32 1
                                    

Unicode Ver:

မကြည့်ဘူးပြောထားတဲ့ကြားကနောက်ဆုံးတော့လဲသူကအွန်းလေးတို့အဆောင်တော်ရှေ့တွင်ပင်ရောက်နေချေပြီ။

"မင်းသမီး မင်းကြီး ကြွလာပါတယ် "

အထဲကပြန်ဖြေဆိုသံတောင်မစောင့်တော့ပဲအခန်းထဲဝင်ကြည့်တော့ လဲနေသည့်အရှင်ယွန်းဂိီဘေးတွင်အွန်းလေးကထိုင်လျက်

"အစ်ကိုတော်?"

"အရှင်ယွန်းဂီသက်သာရဲ့လား??ဘာဖြစ်တာလဲရုတ်တရက်ဒဏ်ရာရတယ်ဆိုတော့"

"အမှတ်ကဒဏ်ရာပြောင်းသွားတယ်အစ်ကိုတော်ဒါကြောင့်နာကျင်လွန်းပြီးမေ့မြောသွားတာပါ "

"အမှတ်လား??"

သူပြော​တော့ ခြုံပေးထားတဲ့စောင်ကိုအနည်းငယ်လျော့လိုက်ရင်း ခါးစက်နားမှ အမှတ်သဏ္ဋ္ဌာန်အမာရွတ်ကိုပြသည်သူငေးနေတုန်းမှာပဲ ညီမတော်ဆီကအသံထွက်လာသည်

"နွန်းဆိုးဟွားလို့ခေါ်တဲ့ပန်းတစ်ပွင့်ပဲအစ်ကိုတော် စောင့်စားခြင်းတဲ့ ပျောက်သွားတဲ့ညီတော်ကြောင့်ကျန်ခဲ့တဲ့အမှတ်ပေါ့ လိုက်ရှာတာကြာလေ အမှတ်ကပြင်းထန်အောင်နာကျင်လေပဲ"

"ကုပေးနိုင်တဲ့ဆေးရောရှိလား??"

"အရှင့်မယ်တော်ကအရှင့်အတွက်ဒဏ်သင့်စေလိုက်ပုံပဲ"

ညီမတော်ရဲ့စိတ်ကပုံမှန်အခြေအနေမဟုတ်လို့သာငြိမ်နားထောင်ပေးလိုက်တာ ဘယ်မိခင်ကသားသမီးကိုနာကျင်စေဖို့ခွင့်ပြုမှာတဲ့လဲ??

သူလဲဘာမှမတတ်နိုင်တာမို့ သူ့နန်းဆောင်ကိုသာပြန်ခဲ့သည် အခုလောက်ဆိုအစ်ကိုလဲသတိရလောက်နေပြီများလား??

..............

"မီဆူနတ်ဘုရား? မီဆူနတ်ဘုရား?"

"အခွင့်အရေးကိုတောင်အသုံးမချနိုင်တဲ့သူ!အရှင်ကမိုက်မဲတဲ့သူပဲ"

မှောင်မိုက်နေတဲ့နေရာကအလင်းပြန်ရလာပြီး
သူ့အနောက်မှမိန်းမပျိုတစ်ဖြစ်လဲမီဆူနတ်ဘုရား

"ဘာလို့ဒီလိုတွေကျွန်တော့်ကိုစမ်းသပ်နေရတာလဲ??ဘာလို့လဲ?"

"မင်းအမေရဲ့ရူးမိုက်တဲ့အပြစ်တွေပေါ့"

"မယ်တော်ကလား??"

영원히-Forever(Z+U)Where stories live. Discover now