Part-17

308 43 10
                                    

Unicode ***

" အဆင်သင့်ပဲလား? အွန်းလေး "

"ဟုတ်ကဲ့အရှင် "

အရှင့်ရဲ့အမေးစကားအဆုံးမှာတော့ ကမ်းလာတဲ့လက်ကိုဆုပ်ကိုင်လိုက်သည်

ထို့နောက် မူဟာ ၏ဘေးကိုရောက်လေတော့ သူမရဲ့ဆံစတွေကိုပွတ်သတ်ပေးလိုက်သည်

"ဟီး ~~ဟီး~~~"

" မူဟာက ကျွန်တော်မျိုးမကိုသဘောကျတယ်ထင်တယ် "

"omm သူမကမင်းကိုသိပ်ချစ်တာလေ "

ရယ်လိုက်တိုင်း သွားသေးသေးလေးတွေပေါ်လာတတ်တဲ့အရှင်က လူအများရှေ့တွင်တော့အပြုံးလေးပေးရင်းသာ သူမကိုပြန်ဖြေသည်

"ဒါဆိုသွားကြစို့လေ "

တစ်ချက်ပင့်တင်ခံလိုက်ရမှုနဲ့အတူ ခနအတွင်းပင် သူမကမူဟာ့အပေါ်သို့ရောက်နေပြီဖြစ်သည်

အရှင်ကတော့သူမနောက်ကနေထိုင်လိုက်၏အခုတော့မူဟာ့အပေါ်တွင် သူမနဲ့အရှင်နှစ်ယောက်သာ

အစ်ကိုတော်ဂျီမင်းကတော့ နောက်ထပ်မြင်းတစ်ကောင်အပေါ်တွင်ပါလာသည်

တောကစားထွက်တာလူများများစားစားမပါ
တနည်း သူမရဲ့ကိုယ်ရံတော်တွေသာမပါရင်ပေါ့

အစ်ကိုတော်ရယ် အရှင်ရယ် သူမရယ် နောက်ထပ် ဂျယ်အာ လို့ခေါ်တဲ့မိဖုရားရယ်
ပြီးတော့ သူမကိုယ်ရံတော်နှစ်ယောက်ရယ်

ဟ့!!

အရှင်ကမူဟာ့အား ခြေတစ်ချက်ထိလိုက်သည်နှင့်သူမကအရှိန်နှင့်ပြေးသည် ...

လည်တိုင်နားကနွေးခနဲခံစားရမှုနဲ့အတူ ကိုယ်လေးတစ်ချက်သိမ့်သွားလေတော့ မြင်းဇက်ကြိုးကိုကိုင်ထားတဲ့အရှင့်ရဲ့လက်နှစ်ဖက်ကသူမကိုပိုတိုးဖက်လာလေသည်

...............................

ဆော့ဂျင်းတို့ပြင်ပြီးတော့ မင်းသမိီးလေးတို့ပါထွက်လာလေသည်

သူမတို့မြင်းပေါ်ရောက်ပြီးချိန်မှာတော့ သူတို့လဲ မြင်းပေါ်ရောက်နေလေပြီ

အစ်ကိုနမ်ဂျွန်းကိုကြည့်လိုက်တော့ သူ့ရဲ့မျက်လုံးတွေထဲကိုယ့်ဆီရှိမနေ အရှေ့မှမင်းသားဂျီမင်းဆီတွင်သာ ...

영원히-Forever(Z+U)Where stories live. Discover now