Part-29

249 29 3
                                    

Unicode Ver:

"ဘာကိုဆိုလိုတာလဲအရှင်?!!"

ရုတ်တရက်ကြီးသူ့ကိုခေါ်ကာ ကိုယ်ကဘသူ့ရဲ့ပျောက်ဆုံးနေတဲ့ညီတော်ဆိုပြီးလာပြောနေတဲ့သူကို ဆော့ဂျင်းဘယ်လိုတုန့်ပြန်သင့်ပါသလဲ??

သူမယုံဘူးဟူ၍ငြင်းရအောင်လဲ ဘေးမှာသူ့ကိုကြည့်နေသည်က မိဖုရားနှစ်ပါး
အမှန်တကယ်သာဆူဘင်းမယ်မယ်ပဲရှိနေမယ်ဆိုရင်တောင်သူယုံတဝက်မယုံတဝက်ဖြစ်နေအုံးမှာပေမဲ့ မွန်ဂိုမှာရှိနေရမဲ့မယ်မယ်ကပါရောက်နေရတဲ့အထိဆိုရင်
အရှေ့ကလူပြောတဲ့စကားဟာအမှန်ပေပဲလား??

သူမယုံကြည်နိုင်ဖြစ်နေတုန်းမှာ အရှေ့ကအရှင်က သူ့ခါးစပ်နားမှအမှတ်ရှိတဲ့နေရာသို့ လက်ဖြင့်ထောက်လာသည်

ပြီးတော့သူ့ရဲ့လက်ကိုပါဆွဲယူပြီး ထိုသူ၏ခါးနားကိုတင်ပေးလိုက်သည်

"ဒါက မင်းနဲ့အစ်ကိုတော်မှာပဲရှိတဲ့နွန်းဆိုးဟွာပန်းအမှတ်အသားပဲ မယ်တော့်ရဲ့အမွေလို့လဲပြောလို့ရတယ်ဆော့ဂျင်း ဒီဟာထက်ပိုပြီးတိကျတဲ့မင်းဟာငါ့ရဲ့ညီတော်ဆိုတဲ့အမှန်တရားမရှိတော့ဘူး "

"မယ်တော်လား??"

"မယ်တော်က မင်းကိုမွေးပြီးနောက်နေ့မှာပဲမွန်ဂိုကနေထွက်ပြေးခဲ့တယ် ခမည်းတော်ရဲ့ရက်စက်မှုကနေပေါ့ ဒါမှမဟုတ် အစ်ကိုတော်ရဲ့ကံကြမ္မာကြောင့်ပဲလား?? သေချာတာက မင်းဟာ ကိုယ်တော်ရဲ့ညီတော် မွန်ဂိုရဲ့အိမ်ရှေ့စံ မင်းဆော့ဂျင်းပဲ "

ယွန်းဂီမပြောဖို့ဆုံးဖြတ်ထားတဲ့ကြားက သူထုတ်ပြောမိခဲ့သည်
အစကအရာအားလုံးအဆင်ပြေတဲ့အချိန်မှထုတ်ပြောဖို့ရည်ရွယ်ခဲ့ပေမဲ့ အခုချိန်မှာတော့
သူ့ညီတော်အသက်ဟာအရေးကြီးသည်

မယ်တော်ရဲ့အန္တာရယ်ကလဲရှိသေးသလို ဘယ်ကမှန်းမသိတဲ့သူကပါ ဆော့ဂငေ်းကိုအန္တာရယ်ပေးချင်သေးပြန်သည်

ဒါကြောင့်သူ့ရဲ့အကြံကိုရှေ့ဆက်တိုးလိုက်ရခြင်း

" မင်းအန္တာရယ်ရှိတယ်ဆော့ဂျင်း အခုမယ်တော်ကပါ မင်းကိုလိုက်ရှာပြီးဒုက္ခပေးချင်နေတယ် "

"ကျွန်တော့်နောက်ကိုလွှတ်ထားတဲ့ကာကွယ်ပေးခိုင်းတယ်ဆိုတဲ့သူကအစ်ကိုတော်လား??"

영원히-Forever(Z+U)Where stories live. Discover now