Part-25

206 32 4
                                    

Unicode***

လမ်းမတစ်လျောက် မည်သူမျှမရှိပဲတိတ်ဆိတ်လျက်..
ထိုလမ်းပေါ်တွက်လျောက်လှမ်းနေသူကတစ်ဦးကတော့ဦးထုပ်အားနှိမ့်ဆောင်းလျက်ပင်...

တည်ငြိမ်လွန်းသည့်ထိုလူ့အသွင်ကအေးစက်လွန်းကာ အမှောင်ထဲတွင် ပြောပြစရာမလိုအောင်ခန့်ညားလွန်းသည်..

အနောက်ကတစ်ယောက်ယောက်လိုက်လာသည်ဟုခံစားလာရသည်နှင့် အရှေ့ကိုခြေလှမ်းအနည်းငယ်မြန်လိုက်ပြီး လမ်းငယ်လေးထဲဝင်သည်!

သူဝင်သွားတာတွေ့သည်နှင့်ထိုလူငယ်ကပါ ထပ်ကြပ်မကွာပါလာသည်
" အကုန်အဆင်သင့်ဖြစ်ပြီလား??"

"ဟုတ်ကဲ့သခင်လေး?? ဂျပန်ဘက်ကရမဲ့လက်နက်တွေလဲ တစ်ချို့တစ်ဝက်ကရနေပါပြီ ပြီးတော့ လူတွေကလဲအကုန်အဆင်သင့်ပါပဲ သခင်လေးပြောသလို မင်းကြီးကိုလဲ အချက်ပေးတဲ့သဘောနဲ့ ပို့ခိုင်းထားပါတယ်"

" omm...မင်းသိထားရမှာက ဒီကိစ္စကိုမင်းမိသားစုတောင်သိလို့မရဘူးဆိုတာပဲ မှတ်ထားလိုက်"

"စိတ်မပူပါနဲ့ သခင်လေး!ကျွန်တော်တင်မကဘူး ကျွန်တော့်ရဲ့မိသားစုကပါ သခင်လေးအတွက်ဆိုအသက်ပါပေးဖို့အဆင်သင့်ရှိပြီးသားပါ"

"ကျေးဇူးပဲ ဗြောင်ဆူရား"

"ဟုတ်ကဲ့သခင်လေး...အခုမြန်မြန်သွားပါတော့ အကုန်သတိထားမိရင်မကောင်းဘူး"

"omm"

ထိုလူထွက်သွားသည်နှင့် အနောက်ကကျန်ခဲ့သည့်သူက ထိုသူနှင့်ဆန့်ကျင်ဘက်ဆီသို့ထွက်သည်....ထိုညသည်လမ်းမထက်၌ထိုသူနှစ်ဦးသာဖြစ်သည်

.........................

အိပ်မပျော်နိုင်တဲ့ညတွေကဆက်လာတဲ့အပြင် ဒီနေ့လဲဆော့ဂျင်းမျက်လုံးကထုံးစမ်းအတိုင်းအတွေးများလျက် ပြူးကြည်နေလျက်ပင်..

အိပ်မရမဲ့အတူတူတော့ ဟိုလျှောက်ဒီလျှောက်ဖြင့်သာ...

ရိပ်ကနဲနှင့်အရိပ်တစ်ခုမျက်လုံး ဘေးကနေဖြတ်သွားတာမို့ သူပြန်ကြည့်တော့ ဘယ်သူမှမရှိတော့...
နောက်မှသူ့အနောက်ကနေထွက်လာသည့်အသံကြောင့် ခုနသူမြင်တဲ့အရိပ်က အခုသူ့ရှေ့ရောက်နေသည့်ဂျောင်ကုဟုသာထင်လိုက်သည်

영원히-Forever(Z+U)Where stories live. Discover now