Unicode Ver:
တစ်ယောက်ယောက်က ဒဏ်ရာကိုဖွဖွလေး
လာထိနေသလိုမို့ ဘာဆက်လုပ်မလဲဆိုတာသိလိုတာမို့ ခနတော့ငြိမ်နေလိုက်သည်"ငါတောင်းပန်ပါတယ်ဂျောင်ကု မင်းကိုမမုန်းချင်ပေမဲ့ အကုန်လုံးကအသစ်ပြန်ဖြစ်နေတာတောင် မင်းကိုတွေ့တာနဲ့ငါနာကျင်ရတယ် ဒီတစအခါသာငါချစ်တဲ့သူတွေကိုထပ်ဆုံးရှုံးရရင် လောကမှာထပ်ပြီးမွေးဖွားမလာတော့အောင်ငါနေမိတော့မလားပဲ"
ဘာကိုမွေးဖွားတာလဲ?ဘာကစတင်တာလဲ?
ချစ်တဲ့သူကိုဆုံးရှုံးရတယ်ဆိုတော့ အဲ့ဒီဂျောင်မျိုးရိုးလား??သူ့ဆီမှာမေးခွန်းပေါင်းတန်းဆီနေလည်းသူ့အမေးကိုဖြေဆိုပေးသူမရှိ
သူနည်းနည်း လှုပ်ရှားပြလိုက်တော့ အစ်ကိုကငြိမ်သွားသည် ပြီးတော့အစ်ကိုဆီကဘာမှထပ်ထွက်မလာတော့မှ သူမျက်လုံးဖွင့်သည်
"အစ်ကိုမပြန်သေးဘူးလား?"
"အင်း ငါစောင့်နေတာ "
" အဆင်ပြေတာမို့ ပြန်လိုက်တော့နော် အစ်ကို"
" မဟုတ်ဘူး သက်သာတာမြင်မှ ငါကိုယ့်ငါလဲလိပ်ပြာလုံနိုင်မှာ ဂျောင်ကု ဒါကြောင့်ငါစောင့်ကြည့်မှာ "
သူသက်သာတာမြင်မှလိပ်ပြာလုံမှာတဲ့လား??
ရပါတယ် ဒီလောက်လေးကလဲသူ့အတွက်လုံလောက်တာပဲကို။အစ်ကိုအခုလိုပြန်ဂရုစိုက်မယ်မှန်းသိရင် အစတည်းက အစ်ကို့ကိုဒီနည်းနဲ့ဆွဲထားပါတယ် အခုတော့သူ့အတွက်အချိန်တွေသက်သက်ပုတ်ကုန်ပြီဖြစ်သည်
အစ်ကိုမနေချင်တော့ဘူးထင်လို့သာပြန်လွှတ်နေတာ တကယ်လို့ပြန်ရင် ကျန်နေခဲ့ရမှာလဲသူဆိုတာသိသိရက်နဲ့ ဂျွန်ဂျောင်ကုတို့က အဲ့လိုတစ်မျိုးရူးနေသေးတာ
"ထမင်းစားဖို့ဒီိကိုပဲလာပို့ခိုင်းလိုက်ရမလား?အစ်ကိုဗိုက်ဆာနေတော့မယ် "
"ရတယ် "
ဂွီ~~
"တွေ့လား ပြောသားပဲ အစ်ကိုအဲ့လိုဟန်ဆောင်နေလို့လဲ ဗိုက်ဆာပြေတာမှမဟုတ်တာကို "
"ငါဟန်မဆောင်ဘူး! မစားချင်ရုံပဲ"
"ဪ..ဒီလိုလား??ဒါဆို ကျွန်တော်ခွံ့ကျွေးမယ်လေ "
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...