Part-15

301 36 6
                                    

unicode***

" ဂျယ်အာ အရှင့်ကိုဂါရဝပြုပါတယ် "

သူမကအရှင့်ကိုတွေ့တာနဲ့ဒူးတစ်ဖက်ကိုထောက်လျှက် အချိန်အတော်တန်ဖိုးထားခဲ့ရသည့် ထိုသူကိုငေးမော့ကြည့်သည်

သိပ်မကြာလိုက်ခင်မှာပင် အရှင့်ရဲ့လက်ကဝှေ့ယမ်းလာပြီး သူမဆီကိုကမ်းလာ၏

"ထပါ ဂျယ်အာ "

ယွန်းဂီ သူမ၏ အိပ်ယာဆီသို့သွားကာ တမှေးအိပ်ရန်မျက်ဝန်းကိုပိတ်ထားသည်

အလိုက်သိစွာပဲ သူမသည်လည်း အသံတိတ်နေပေးလေ၏

"ပင်ပန်းတယ်ဂျယ်အာ ဆုတောင်းကများတော့ မီဆူနတ်ဘုရားမက ငြင်းဆန်ချင်သေးတယ်နဲ့တူပါရဲ့ ဆုတောင်းကပြည့်လာပေမဲ့ နောက်ဆုတောင်းအတွက်ဆို အရာရာကတစ်ကျော့ပြန်လည်လာအုံးမယ်နဲ့တူပါတယ် "

"ဒီတစ်ခါဆိုရင်တော့ ဂျယ်အာ စွန့်လွှတ်ပါရစေ အရှင့်ကိုတော့မထိခိုက်စေချင်တော့တာမို့ ဂျယ်အာကပဲ "

"ဟက် !~ လွယ်တယ်လားဂျယ်အာ? ဒါကငါ့တိုက်ပွဲပါ ငါနဲ့မီဆူနတ်ဘုရားမှကြားထဲက ကိစ္စသပ်သပ်ပဲ မင်းကဒီအတိုင်းငါ့ကြောင့်နစ်နာရသူ "

တစ်ဝက်တစ်ပျက်စကားကိုသူမကဆက်ဆိုသည်

"မဟုတ်ဘူး ဂျယ်အာလုပ်နိုင်တယ် အရှင်ကမယုံပေမဲ့ အရှင်ကပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့သူပါ ဘာလို့အရှင်ပဲနာကျင်ရမှာလဲ???

"ဒီည ကိုယ်တော်ဒီမှာနေချင်တယ် "

"ဝမ်းမြောက်မိပါတယ်အရှင် "

သူမသေချာသိတယ် အရှင်က လောကမှာပျော်ရွှင်မှုနဲ့အထိုက်တန်ဆုံးသူ

ဘာလို့သူတစ်ယောက်တည်းကပဲနာကျင်မှုကိုနှစ်ခါခံစားရမှာလဲ မှားယွင်းခဲ့တဲ့စတေးမှုတစ်ခုအတွက် အဆများစွာနာကျင်ရသူက သူမသိပ်ချစ်ရတဲ့အရှင်ပဲမဟုတ်ပါလား???

ပါးပြင်တစ်လျောက်သူမလက်တို့ကထိတွေ့လေတော့ အရှင်ကထိုလက်ကိုပြန်လည်ဆုပ်ကိုင်လာသည်
ကျဥ်းမြောင်းလှသည့် ထိုမျက်ဝန်းတို့နဲ့စူးစူးရဲရဲကြည့်ရင်နှစ်ခါပြန်ချစ်မိရသူကသူမပင်
နှုတ်ခမ်းပါးတို့ကသေးသွယ်သော အပြုံးတို့ဖြင့်ကြိုဆိုလျှင် ရှက်သွေးဖြာရသည်ကလဲသူမဖြစ်၏
တည်ကြည်သည့်ဖြောင့်မတ်သည့်အရှင်သည်တော့ သူမဘဝမှာကိုးကွယ်ရာအစစ်ပင်!!

영원히-Forever(Z+U)Where stories live. Discover now