Unicode Ver:
"ညီတော် ဂျောင်ကုနဲ့ကြိုက်နေတာလား?"
သူ့ကိုတွေ့တွေ့ချင်းဆိုလာတဲ့အစ်ကိုတော်ကြောင့် သူ့ဘေးနားရှိဂျောင်ကုညီမကိုတောင် သူအားနာနေမိသည်
သို့သော်လည်းသူမကတော့ခပ်ပြုံးပြုံးပင်
ဘာလို့ဆို အမြဲတမ်းသူမနဲ့ကလွဲရင်တည်ကြည်နေတတ်တဲ့အစ်ကိုတော်က တစ်စုံတစ်ဦးကိုချစ်မိသွားတယ်ဆိုတာ သူမအတွက်အရမ်းကိုထူးဆန်းနေတာကြောင့်ပင်
နောက်ဆုံးတော့လဲ သူမအစ်ကို၏နှလုံးသားကိုကိုင်လှုပ်နိုင်သူဟာ သူ့အရှင်ရဲ့ညီတော်ဖြစ်တယ်ဆိုတဲ့အမှန်တရားဟာ သူမကိုမပြုံးပဲမနေစေနိုင်ဘူး သူ့တို့ကံကအရမ်းကိုထူးဆန်းနေတာပဲမဟုတ်လားအခုသူမအရှေ့ရောက်နေတဲ့သူဟာ သူ့အစ်ကိုရဲ့မြတ်နိုးရာ တစ်ဘဝမှာမပိုင်ဆိုင်နိုင်ခဲ့လို့ တစ်ဘဝမှာလာပိုင်ဆိုင်ရတယ်ဆိုတာ အစ်ကိုတော်နဲ့သူ့ရဲ့တူညီတဲ့ကံပဲမဟုတ်ပါလား!
မင်းယွန်းဂီရဲ့အမေးကိုကြားရချိန်မှာတော့ ဆော့ဂျင်းကြက်သေသေနေမိသည်
သူဂျောင်ကုကိုလက်ခံခဲ့တာကမှတနေ့ကပဲရှိသေးတယ် အစ်ကိုတော်ဆီကိုဘယ်လိုသတင်းရောက်သွားတယ်မသိ
ဒါမှမဟုတ်ဂျောင်ကုကများ?!"မငြင်းပုံကြည့်ရင် ဟုတ်တယ်ထင်တယ်"
"အဲ့ဒါကိုအသာထားအုံးအစ်ကိုတော် ဟိုနေ့က မယ်တော်ကြီးရောက်လာတယ်ဆို! ကျွန်တော့်ကိုရောဘာပြောသေးလဲ?!"
စကားလမ်းကြောင်းလွှဲချင်တာရောတကယ်လဲသူသိချင်တာကြောင့်မေးလိုက်ရခြင်း
တကယ်တော့ မယ်တော်ကြီးကသူ့ကိုမလိုလားရင်ဆိုတဲ့အတွေးအမြဲသူ့မှာရှိသည်"အဲ့ဒါကိုစိတ်ထဲထားမနေနဲ့ဆော့ဂျင်း သူဘာမှလုပ်လို့မရဘူး ကိုယ်တော့်ရဲ့အမေနေရာဆိုပြီးယူထားပေမဲ့လဲ သူ့အာဏာကမသက်ရောက်နိုင်ဘူး "
/ // // //
" ငါ့ရည်မှန်းချက်တွေကိုထပ်နောက်ကျမခံတော့ဘူး ချွဲဆူ ဒီနေရာဟာ အရင်တည်းကငါ့နေရာပဲ အခုလို ဘာမှမဟုတ်တဲ့ကောင်ကအုပ်ချုပ်နေတာ အဓိပ္ပါယ်မရှိလိုက်တာ"
လက်ဖက်ရည်ခွက်ကိုကိုင်ရင်း သူ့ရဲ့ဆိုလာတဲ့စကားကို သူမကရယ်မောသည်။
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...