Unicode***
မှင်တံကိုကိုင်ရင်းဟန်မပျက်စားရေနေသည့်အဖေက နေမကောင်းသည်ဟူသည့်သင်္ကေတအဖြစ်ဖြူလျော့နေသည့်နှုတ်ခမ်းနှင့်ညိုမွဲနေသည့်မျက်ဝန်းစပ်တို့။
"မနက်ဖြန် နန်းတက်ပွဲအတွက်အကုန်ပြင်ဆင်ပြီးပြီလားဂျောင်ကု?."
"အကုန်ပြီးပါပြီ နေစထွက်တာနဲ့စတင်မှာမို့လို့
ခမည်းတော်လဲ ကျန်းမာအောင်နေပါ...ဆန္ဒကိုလိုက်လျောပေးတယ်ဆိုရင်ကိုယ့်ဘက်ကလဲပြန်ပေးရတာရှိတယ်မလား?"ဟုတ်တယ်လေတစ်ခုတောင်းဆိုရင်တစ်ခုပြန်ပေးရမှာဓမ္မတာပဲကို...
သူလိုချင်တာဖြစ်ချင်တာကရှင်းရှင်းလေး
သူ့ကထီးနန်းဆက်ခံပေးမယ် အင်း...လိုတဲ့အချိန်ထက်ပိုစောပြီးတော့ပေါ့..အချိန်တန်ရင်ဖြစ်မဲ့အရာတစ်ခုကိုပိုစောလိုက်ရုံနဲ့သူဘာမှတော့ဖြစ်မသွား...
အဲ့အစားသူလိုချင်တဲ့တစ်ခုတည်းသောအရာက အဖေကကျန်းမာအောင်နေပေးရမယ်ဖြစ်သည်။သူ့စကားကိုကြားတော့သဘောကျဟန်ဖြင့်
တဟားဟားရယ်သည်..
ထို့နောက်ဝတ်ရုံလက်ကိုအသာပင့်မြှောက်ရင်းမှင်ထပ်သွေးဖို့ကြံတော့သူပဲယူသွေးလိုက်သည် သို့မှသာသူရေးနေသည့်မှင်တံကိုပြန်ယူပြီး စာဆက်ရေးသည်....
ဒါပေမဲ့သူ့ကိုတော့ဘာမှထပ်မပြောတော့နန်းတက်ပွဲနေ့~~!
နဂါးဝတ်ရုံကိုအဆုံးသတ်ဝတ်ဆင်ပြီးတဲ့နောက် သူ့ပုံစံကလုံးဝပြည့်စုံနေလေပြီဖြစ်သည်
"အိမ်ရှေ့စံ အခုနေရာယူလို့ရပါပြီ "
ကုန်းကုန်းဟန်က သူငယ်ငယ်တည်းကစောင့်ရှောက်ပေးခဲ့တဲ့သူဖြစ်တဲ့အညီအခုထိလဲစောင့်ရှောက်နေတုန်း
"ကျေးဇူးပဲ! သွားကြတာပေါ့"
တရိုတသေခေါင်းငြိမ့်ပြပြီးနောက် သူ့ကိုဦးဆောင်ကာအခန်းပြင်ခေါ်ရင်း အခန်းပြင်ရောက်တဲ့အချိန်မှာတော့သူ့နောက်ကပြန်ပြီးလိုက်ကြသည်..
ခေါင်းထက်မှတွဲလဲကျနေသည့်အရာတို့ကိုကြည့်ပြီးမျက်လုံးကနောက်လာပြီဖြစ်သည်
အဆောင်ရှေ့ကိုရောက်တော့ အသင့်အနေအထားဖြင့်ရပ်နေလိုက်ရင်း တံခါးဖွင့်လိုက်သည်နှင့်အထဲကိုဝင်လိုက်သည်
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...