Unicode Ver
အခန်းထဲခေါက်တုန့်ခေါက်ပြန်လျောက်ရင်း
ကြုံခဲ့ရသည့်ပွဲတော်နေ့အကြောင်းကိုစဉ်းစားနေသည် တကယ်ဆိုအဲ့နေ့ကသူအရာရာကိုအပိုင်ရတဲ့နေ့ဖြစ်နေရမှာကိုအခုတော့အကုန်လွဲချော်ရသည်"အဲ့ဒါကဘယ်လိုဖြစ်ရတာလဲ??သူတို့ကဘယ်လိုသိသွားရတာလဲ???ကင်မ်ဆော့ဂျင်းအမေဒီကိုရောက်လာချိန်က မွန်ဂိုအရှင်ကလဲငယ်ငယ်လေးရှိသေးသလို ကင်မ်ဆော့ဂျင်းကလဲအနှီးထုပ်ထဲမှာရှိနေတဲ့အရွယ် ငါဒီလိုတွေဖြစ်လာဖို့ကြိုးစားခဲ့တာမှမဟုတ်တာ ဘာကြောင့်အခုလိုပြန်မှတ်မိသွားရတာလဲ!?"
" သခင်ကြီး!"
အခန်းထဲဝူဘင်းဝင်လာတာနဲ့ သူဝင်ထိုင်လိုက်သည်
"သတင်းရခဲ့လား?!"
" သခင်မကြီးကဒီဘက်ကိုအရှင်ယွန်းဂီရောက်တည်းကလိုက်လာတယ်လို့ပြောတယ်
မနက်ဖြန်လောက်ဂိုလျောကိုရောက်မှာပါ""သူရော ကင်မ်ဆော့ဂျင်းအကြောင်းကိုသိလား?"
"ဒါတော့~"
ဒီလိုသူမပါရောက်လာတယ်ဆိုတည်းက ကင်မ်ဆော့ဂျင်းတို့ကြောင့်ဖြစ်နိုင်တယ်ဆိုတာသေချာနေပြီပဲ
ထပ်ပြီးသေချာအောင်လုပ်နေဖို့မှမလိုတော့တာပဲကိုကင်မ်ဆော့ဂျင်းအမေသူ့ဆီရောက်လာဖို့ မွန်ဂိုကနေထွက်ပြေးလာဖို့ အဲ့လိုဖြစ်စေဖို့အကုန်လုံးကို သူနဲ့ချွဲဆူကဖန်တီးခဲ့ရတာ
ကင်မ်ဆော့ဂျင်းကိုသာရရင်သူ့ကိုသာထိန်းချုပ်နိုင်တယ်ဆိုရင်
သူမကသူ့ဆီရောက်လာမယ်စိတ်ပါလာမယ်လို့တစ်သတ်မှတ်တည်းထားခဲ့တဲ့သူ့အတွက်က ဆော့ဂျင်းငါးနှစ်မပြည့်ခင်မှာသေသွားခဲ့တယ် သူ့ကိုတော့သူ့သားသမီးမဟုတ်တဲ့အဲ့အကောင်ကိုကျွေးမွေးစေရင်းနဲ့ပေါ့
အသက်ပြင်းတဲ့ကောင်က သေကံနှစ်ခါရောက်ပြီးတာတောင်ဘာမှမဖြစ်တဲ့သူလိုပြန်ပေါ်လာတယ်ဒါပေမဲ့ သိပ်မကြာခင်ဒါတွေကအဆုံးသတ်သွားတော့မှာ
.......................
" ကင်မ်ဆော့ဂျင်း!ခင်ဗျားပြောတဲ့ မဖြစ်နိုင်ဘူးဆိုတာက ဒါကြောင့်လား! ခင်ဗျားအခုလိုဖုန်းကွယ်ထားတဲ့ကိစ္စကြောင့်လား??"
YOU ARE READING
영원히-Forever(Z+U)
FanfictionSeok Jin-အတိတ်မှာကျန်ခဲ့တာက ပုံပြင်သက်သက်လား ဒါမှမဟုတ် မစတင်ရသေးတဲ့ဇာတ်လမ်းဟောင်းလား သေချာမသိပေမဲ့ အဲ့ဇာတ်လမ်းမွာ အဲ့လူကဗီလန် Jung Kook- အမုန်းလား...သူပေးတဲ့အမုန်းကကိုယ်ပေးတဲ့အချစ်ကိုမမွီတော့ အဆုံးထိ ရယူနေရအုံးမှာ..ကျွန်တော့်အတွက်တော့ အချစ်ကရယူခြင်း...