အပိုင်း ၄

1.5K 72 0
                                    

သစ္စာရဲ့ ဖုန်းလေးက မနက်စောစော မဝင်စဖူး စာဝင်လာတာကြောင့် သစ္စာဖွင့်ကြည့်လိုက်သည်
မှူးဆီကစာပင် သစ္စာ ဖတ်ကြည့်လိုက်ပြီး

"ဟင် ဘာလဲ ပြန်တောင်ပြန်သွားပြီလား
တစ်ကြိမ်လေးတောင်ထပ်မတွေ့ရဘူးလား"

တကယ်က သစ္စာ တွေ့ချင်သေးသည် နောက်စာပြန်လိုက်သည်

~ဟုတ် mornin မှူး ပြန်သွားပြီလား
တွေ့တောင် မတွေ့လိုက်ရဘူးနော်
မနေ့ညက မှူးအင်္ကျီလေးကျန်ခဲ့တာ
ပြန်တွေ့မှယူတော့နော်

~တိန်

စာမျှော်နေရင်း စာဝင်လာတာကြောင့် မှူးပျော်သွားသည်
မှူး အမြန်ဖတ်ပြီး စာထပ်ပို့သည်

~မှူးလေ မကိုသတိရနေတာ
ပြန်ရောက်တာနဲ့ဆက်သွယ်ပါ့မယ် တွေ့ကြမယ်နော်
ပြီးတော့ မှူး FB acc လေးadd ထားတာလက်ခံပေး
ပါဦး

~ကောင်းပါပြီ လက်ခံထားလိုက်ပါ့မယ်
ပြန်လာရင်ဆက်သွယ်နော်

အားး ချစ်လိုက်တာမရယ်
မှူးအသည်းကို ခနခနခြွေနေတာပဲ
မကလေ မှူးကိုဖမ်းစားနေတဲ့ ကဝေမလေးပဲ
မှူး ခိုးရိုက်ထားတဲ့ပုံလေးကိုခနကြည့်ပြီး ခရီးပြန်ဆက်သည်

ရန်ကုန်ရောက်တော့ နေ့လည် ၁၂ နာရီခန့်ဖြစ်နေပြီ

"ဖွားရေ မှူးပြန်လာပြီ"

"အယ် မြေးပြန်လာတာ တစ်ယောက်ထဲလား"

"ဟုတ်တယ်ဖွား သန်ဘက်ခါ flight နဲ့ စင်္ကာပူသွားမယ်
အဲ့ကနေ America သွားမယ် ပြန်လာမှ ဦးညီကိုလာဖို့
ပြောထားတယ် ဦးညီ လျောက်လည်အပန်းဖြေဖို့ပြောထား
တာ "

"အေးးး ကောင်းတယ် ကောင်းတယ်
ညီညီလဲ ပင်ပန်းပါတယ်"

"ဟုတ်ဖွား သားသွားရင် ဖွားဘာမှာဦးမလဲ"

"မမှာတော့ပါဘူး ကောင်းကောင်းသွားကောင်းကောင်းပြန်လာ
ဒါပဲမှာချင်တယ်"

"ဟုတ် ဖွားစိတ်ချနော် ဖိုးရော "

"သူ့သူငယ်ချင်းတွေနဲ့ ဂေါက်ရိုက်မယ်ဆိုပြီ
ထွက်သွားလေရဲ့"

"ဟုတ်လား ဖိုး ပျော်နေတာ ပျော်ပါစေ"

"အမလေး ကျုပ်ကလဲ ပျော်ခိုင်းပါတယ်နော်"

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now