အပိုင်း ၁၀

1.4K 63 0
                                    

မှူးညဘက်ရောက်တော့ သစ္စာကို Vcall ခေါ်လိုက်သည်
call ဝင်သွားတာနဲ့

~ဟလို မရေ

~အင်းး
  ဘုရားစာကျက်တော့မှာလား

~Aww မရယ် သတိရတာလေးဘာလေးအရင်ပြောပါ
လား ဘုရားစာကျက်ဖို့ကအရင်ပြောတယ်

~ဒါမျိုးကျတတ်တယ်
ဘုရားစာကျက်ဖို့ ဖုန်းခေါ်ခိုင်းထားတာလေ

~ဟုတ်ပါပြီ သင်ပေးပါတော့

သစ္စာက မေတ္တာသုတ်အရင်သင်ပေးသည်
သစ္စာ ရှေ့ကတိုင်ပေးတာကို မှူးကစာအုပ်လေးကိုင်ပြီး နောက်က လိုက်ရွတ်သည် ၄ ၅ ကြိမ်တိုင်ပေးအပြီး

~ကဲ ဆိုရတာချောသွားပြီမှတ်လား
အဲ့တာကျက်ထား မနက်ဖြန်မေးမယ် အလွတ်ဆိုရမယ်

~ဒီတိုင်းဆိုရမှာလားဟင်
  လူချင်းတွေ့ပြီးဆိုပြလို့မရဘူးလား

~ဒီကလေးလေးကတော့လေ အရမ်းဆိုးပဲ
  မကို လာတွေ့ချင်လို့မှတ်လား

မှူးတစ်ယောက် ဖုန်းထဲကနေ သနားကမားလေးလုပ်ပြ
ရင်း

~ဟုတ် ဟုတ်

~အဲ့တာဆိုလဲ ညနေဘက်ခနလာခဲ့
လမ်းထိပ်မှာပဲ စောင့်နေ မ ထွက်လာခဲ့မယ်
ခနပဲနော်

~ဟုတ်ဟုတ် ဘာဖြစ်ဖြစ် ခနလေးတွေ့ရလဲ ရတယ်
အဲ့တာဆို မနက်ဖြန်ညနေလာမယ်နော် မှူးရောက်ရင်
ဖုန်းခေါ်လိုက်မယ်

မှူး ကလေးတစ်ယောက်လိုပျော်ရွှင်နေမိသည်
မှူးဘက်က ဖုန်းချသွားတော့ သစ္စာအတွေးကမ္ဘာထဲ
တစ်ဝဲလည်လည်ဖြစ်နေမိသည် ဘာကြောင့်လဲဆိုတော့

သစ္စာ မှူးကိုချစ်မိနေသည်
မှူးကချစ်သလို သစ္စာကလဲချစ်သည် ချစ်မိခြင်းက အပြစ်မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့ထိပ်တိုက်တွေ့မှာက ပတ်ဝန်းကျင်ပင် ပြီးတောာ သစ္စာရဲ့အဒေါ်လဲရှိသေးသည်

အရွယ်ရောက်ထဲကခုထိ ပိုးပန်းသူများပေမဲ့ သစ္စာပြန်ချစ်
မိခဲ့သည်က မိန်းကလေးတစ်ယောက်ဖြစ်နေသည်
ဒါပေမဲ့လည်း သစ္စာရဲ့မှူးအပေါ်ထားတဲ့အချစ်က အရာရာကိုဖြတ်ကျော်ဖို့ ဖိအားပေးနေလေပြီ

မှူးဘက်ကတောင်းဆိုလိုက်ရင် အကုန်အလိုလိုက် လက်ခံပေးနေမိသည် သစ္စာဘက်က အန်တီလေးကို
ဖွင့်ပြောဖို့သာ ရှိသည် သစ္စာအားတင်းပြီး

ချစ်ရပါသော ဒိုင်ယာရီလေးရေOnde histórias criam vida. Descubra agora