အပိုင်း ၅

1.5K 66 0
                                    

မှူး မနဲ့ဖုန်းပြောရင်း အပြုံးတို့ကဖုံးဖိရပင် ဖုံးချသွားတော့
လဲ ရင်ဘတ်ထဲဖုန်းလေးထည့်ပြီး

~အဟင်း အဟင်းး

"ကိုကိုရေ ....
ဖုန်းကြီးရင်ဘတ်ထဲထည့်ပြီး အပြုံးတွေကလဲနော်
ဘာလဲ ကိုကို ချစ်သူရှိနေပြီလား"

"ဟီးး လာလေညီမလေး အရင်ဆုံးထိုင်ဦး
ကိုကိုရင်ဖွင့်ချင်လို့"

သူက ဦးညီရဲ့သမီးလေးပါ မှူးရဲ့ညီမလေးဆိုလဲမမှား
နာမည်ကတော့ ခင်ငြိမ်းအေး တဲ့ ဖွားဖွားပေးထားတာပေါ့ သွေးချင်းမရှိတဲ့ မှူးအတွက် ငြိမ်းကညီမလေးအရင်းလို
ဖြစ်ခဲ့သည် မှူး အမြဲစောင့်ရှောက်ပေးခဲ့တဲ့ညီမလေးပေါ့

"ဒါဆို တကယ်ချစ်သူရှိနေပြီပေါ့"

"အင်း ကိုကိုကချစ်တာပါ မ ဘက်ကဘာမှန်းမသိဘူး"

"မ ဆိုတော့ ကိုကို့ထက်ကြီးတာပေါ့"

"အင်း ကိုကိုထက်နည်းနည်းပဲကြီးတယ်
ဒါနဲ့ ကိုကိုပြန်လာတော့လဲ ငြိမ်းက မရှိဘူး
ဘာလဲ ဟိုသွားဒီသွားနဲ့ ရည်းစားရနေပြီလား"

"မရပါဘူးကိုကိုရဲ့ငြိမ်း Pratical တွေများနေလို့ပါနော်"

"အင်းပါ အင်းပါ
ကိုကိုပြောပြမယ် ဒီလို......."

မှူး ညီမလေးကို မနဲ့ဆုံခဲ့ရပုံတွေပြောပြဖြစ်သည်
ငြိမ်းက ငယ်ငယ်ထဲက မှူးရဲ့ရင်ဖွင့်ဖော်ဆိုလဲ မမှားပေ

"အဲ့လိုဆို အဲ့မမကလဲ ကိုကို့အပေါ် ခံစားချက်ရှိတယ်
ထင်တယ် ဒီတိုင်းကြီးတော့ကိုကို့ကိုတွေ့ဖို့တွေ လက်ခံ
မယ်မထင်ဘူး"

ညီမလေးပြောတာကို မှူးက ထောက်ခံသည်

"ကိုကိုလဲ အဲ့လိုပဲထင်မိတာ
ဒီတိုင်းဆို ကိုကို့လို Tomboy တစ်ယောက်ကိုကွာ
ယောက်ျားလေးလဲ မဟုတ်ဘူးဆိုတော့ ငြင်းမှာလေ
အခု မငြင်းဘူးဆိုတော့ ကိုကို့အတွက် အခွင့်အရေးရှိမယ်
ထင်တယ်နော်"

"အမလေးနော် အမြဲဘေးနားပလူပျံနေတဲ့ ကိုကိုက
အခု မိန်းကလေးတစ်ယောက်ကျတော့မှပဲ ဖြစ်နေလိုက်
တာ ချစ်ရင်ချစ်တယ် ဖွင့်ပြောပလိုက်ပေါ့
ကိုကိုအရင်က ထားခဲ့ဖူးတဲ့မိန်းကလေးတွေကရော"

ချစ်ရပါသော ဒိုင်ယာရီလေးရေWo Geschichten leben. Entdecke jetzt