"ဟလို ကိုထိုက်...
မြတ်တို့ခနတွေ့ကြမလား စကားပြောချင်တယ်"မြတ်သွယ် state ကျောင်းသူဘဝထဲကနေ ဆေးကျောင်းပြီးသည်အထိ သစ္စာကိုတစ်ဖက်သတ်ကြိုက်ခဲ့တဲ့ ကိုထိုက် ကို ဆက်သွယ်လိုက်သည်
(စိတ်မကောင်းပါဘူး သစ္စာ ရှင်က မှူးနဲ့ မထိုက်တန်ဘူး
တို့နဲ့က ပိုထိုက်တန်တာ)"မ.. မောင် နောက်အပတ်လောက် dinner တစ်ခုတက်ရမှာ အဲ့တာ လိုက်ခဲ့ပါလား"
ပွဲအတွက် partner လိုအပ်သည်မို့ မှူးခေါ်မိသည် သစ္စာငြင်းမှာကို မှူးသိပေမဲ့ ခေါ်မိသည်
"မောင်ရယ် တခြားအရာတောင်းဆိုပါလား
မ အဲ့လိုပွဲတွေ မတက်ချင်ဘူး နော် နော်လို့မောင်""ဟုတ်ကဲ့ပါ"
"ပြီးတော့မောင်
မနက်ဖြန် မ အိမ်ပြန်ဦးမယ်နော် တီလေးက မပြန်တာကြာလို့မေးနေတာ တစ်ရက်နှစ်ရက်ပြန်ဦးမယ်နော်"ချစ်တော့လဲ အရာရာခွင့်လွှတ်ပေးရသည်လေ
ချစ်တာကို......."အဲ့တာဆို မောင်လဲ အိမ်ပြန်ဦးမယ်
အဲ့လိုဆို... မောင်ကလွမ်းရဦးမှာပေါ့"မှူးစကားကြောင့် သစ္စာရယ်သည်
"အမလေး မောင်ရယ် အခုသွားမှာမဟုတ်ဖူးနော်
အရမ်းတွေအကဲပို မနက်ဖြန်အတွက်အခုထဲကလွမ်းပြနေတယ်
လူဆိုးလေးရဲ့"~ဟီး ဟီးးးးး
'' ချစ်လို့လေ မောင့်မိန်းကလေးရဲ့"နောက်တစ်နေ့ရောက်တော့ သစ္စာလဲ အိမ်ပြန်သလို မှူးလဲအိမ်ပြန်ဖြစ်သည် မှူးကတော့ သက်သေအခိုင်အလုံနဲ့ ဦးညီရဲ့သားဖြစ်သူကိုသက်အကြောင်းအားလုံးဖွင့်ဟလိုက်သည်
ကားအပွားလုပ်တာနဲ့ ယာဥ်တိုက်တဲ့သူက ကိုသက်ဆိုသူဖြစ်ကြောင်း company မှ ငွေအလွဲသုံးစားမှုများအကြောင်း အားလုံးပြောပြသည်
"အဖိုး ပြီးတော့လေ မ ကို
မကို မှူးနဲ့သဘောတူပေးပါနော်""အဖိုး အဲ့ကလေးမနဲ့ တွေ့ခဲ့သေးတယ်"
"မဆီက အရိပ်အမြွတ်တော့ သိရပါတယ်
အဖိုး ဘာတွေပြောခဲ့တယ်ဆိုတာတော့ မကပေးမသိဘူး"
YOU ARE READING
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romanceချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...