အပိုင်း ၁၂

1.6K 70 2
                                    


ရန်ကုန် အပြည်ပြည်ဆိုင်လေဆိပ် တစ်နေရာတွင်

"ဟေ့ယောင် ငါဒီမှာ "
မှူး သူငယ်ချင်းသန့် တွေ့အောင်အော်ဟစ်လက်ပြနေ
သည် တစ်ဖက်က မြင်တဲ့သန့်ကလည်း

"လာပြီ လာပြီ"

အနားရောက်တော့ သူငယ်ချင်းနှစ်ယောက်ပုခုံးချင်းဖတ်ပြီး

"မင်းကွာ သန့်နေရောပဲ ကျားကျားယားယားကြီးဖြစ်
သွားလိုက်တာ"
မှူးက သန့်ကိုကြည့်ပြီး အားကျနေသလို

"မင်းကရော စောက်ရမ်းချောလာတာ
မင်း တကယ်စော်ရသွားတာလား"

"စော်လို့မသုံးပါနဲ့ကွာ
ငါအရမ်းချစ်ရတဲ့ မိန်းကလေးပါကွ"

~ဟားးးဟားး

သူငယ်ချင်းနှစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေပျံ့လွင့်နေသည်
မှူးတို့အထုတ်တွေကားပေါ်တင်ပြီး

"တစ်ခုခုသွားစားမယ်ကွာ မုန့်ဟင်းခါးစားချင်တာကွ"

"အေးအေး ငါတို့ ကျောင်းနားသွားကြမယ်"

သန့်က ခေါင်းတစ်ညိမ့်ညိမ့်နဲ့ထောက်ခံပြီး

"ဟုတ်တယ် ဟုတ်တယ်"

နှစ်ယောက်သားအချင်းချင်းထောက်ခံပြီး ငယ်စဉ်ကအတူ
တက်ခဲ့တဲ့ကျောင်းလေးနားရောက်လာသည်

ကျောင်းနားကမုန့်ဟင်းခါးဆိုင်ရောက်တော့ မှူးက
"အန်တီနု မုန့်ဟင်းခါးရသေးလား"

"ရသေးတယ် သားလေး
ကျောင်းကိုလာလည်တာလား"

"ဟုတ် လာလည်တာ အန်တီနု
သားတို့ကို မုန့်ဟင်းခါး ၂ ပွဲ အကြော်အစုံထည့်ပေးပါ"

"အေးအေး"

သန့်က မှူးကိုကြည့်ပြီး

"မင်း အားလုံးပြည့်စုံနေပြီပဲ
ပြောင်းလိုက်တော့ Transman လုပ်လိုက်တော့ကွာ"

"အေးပါကွာ မင်းကငါ့ကိုရောက်တာနဲ့လိုင်းသွင်းတာပဲ
ငါလုပ်မှာပါကွ"

"အေးအေး မင်းမမနဲ့မိတ်ဆက်ပေးဦး
ပုံထဲမှာတော့ အသေချော အသေလှပဲ
မင်း လက်မလွတ်စေနဲ့နော် ထိန်းထား"

"အေးပါကွာ မင်းရော ချစ်ရမဲ့သူမတွေ့ဘူးလား"

"အမှန်တိုင်းပြောရရင် ငါလျောက်တွဲတာသာရှိတာ
ရင်မခုန်ဖူးသေးဘူးကွာ"

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now