"မထိန်းနဲ့ မထိန်းနဲ့လို့"
"မ"
"မောင့်ကို ဘယ်သူကထိန်းခိုင်းလို့လဲ"
သူမကိုကြည့်လိုက်တော့ မှူးရဲ့အင်္ကျီလေးကကြီးနေတာမို့ လက်မောင်းချုပ်ရိုးတို့က တစ်ဖက်စီကို ကျနေသည်
အင်္ကျီကရှည်ပေမဲ့ လုံလောက်တဲ့အရှည်မဟုတ်တာကြောင့်
ဖြူဖွေးကာသွယ်ဆင်းနေတဲ့ ပေါင်သားတို့ကအတိုင်းသား
မြင်နေရသည်သစ္စာရဲ့ ရန်စမှုက မှူးရဲ့စိတ်ကို ဂနာမငြိမ်ဖြစ်စေသည်
ထိန်းချုပ်မှုမဲ့လာသည်
မှူးဒီနေ့တော့ သစ္စာကို ဒီအတိုင်း လွှတ်ပေးလို့မရနိုင်တော့ပေရုတ်တရက်ဆိုသလို သစ္စာကို မကာပွေ့ချီလိုက်သည်
နဂိုကတည်းက လူကောင်သေးလေးက ဆေးရုံစောင့်နေတာမို့
ဝိတ်ကျသွားပြန်သည်ထင်သည် မှူးတစ်ချက် မလိုက်သည်နှင့် အသာလေးပါလာလေသည်ပွေ့ချီလိုက်ချိန်မှာ သစ္စာလန့်သွားပေမဲ့ မှူးဘာကိုဆိုလိုသည်ကို သစ္စာသိတာမို့ အလိုက်သင့် မှူးလည်ပင်ကိုသိုင်းဖက်လိုက်ပြီး
အလိုက်သင့်လေးနေလိုက်သည်
မှူး သစ္စာကိုပွေ့ချီပြီး အိပ်ခန်းရှိရာကို လျောက်လာခဲ့သည်
အခန်းထဲရောက်သည်နှင့် သစ္စာကိုအိပ်မွှေ့ယာထက်သို့ အသာလေးချလိုက်ရင်း"ဒီည မောင့်ကို ခွင့်ပြုပါနော်"
သစ္စာအသာခေါင်းငြိမ့်ပြီး
"အင်းးး"
သစ္စာရဲ့ ခွင့်ပြုလိုက်ချက်ရလိုက်သည့်အခါ မှူးရဲ့မျက်နှာထက်မှာ အပြုံးပန်းတို့ဝေနေလေပြီ မှူးရဲ့အပြုံးတို့က အသက်ဝင်လှသည်
ချစ်သူရဲ့ခွင့်ပြုချက်ကိုရလိုက်ပြီမို့ မျက်နှာကြပ်ပေါ်မှ မီးကိုပိတ်လိုက်ပြီး မီးအစား အိပ်ယာခေါင်းရင်းမှ ညကြည့်မီးမှိန်မှိန်လေးကို လင်းရောင်းအတိုးအလျော့လုပ်လိုက်သည်
အလင်းရောင်အဆင်ပြေသွားတဲ့အခြေအနေရောက်တာနဲ့
မှူးရဲ့ညဝတ်အင်္ကျီလေးမှာလဲ ခါးမှတစ်ဆင့်ဆွဲချွတ်ခြင်းခံလိုက်ရသည်
မှူးရဲ့ခါးအထက်ပိုင်းတွင် အဝတ်အစားတို့ရှိမနေတော့ပေ
KAMU SEDANG MEMBACA
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romansaချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...