မှူး ရေချိုးပြီး ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းလေးဝတ်ကာ အပြင်ကိုအထွက်
"ဟာ"
မှူးမှင်သက်သွားရလောက်အောင် သစ္စာ ကိုငေးကြည့်နေ
မိသည် ဘာလို့လဲဆိုတော့ သစ္စာက ဘောင်းဘီတိုလေးကို
မှ တီရှပ်အဝါလေးနဲ့ တွဲဝတ်ထားသည်"ဘာဖြစ်လို့တုန်း "
"မက ကလေးလေးလိုပဲ ချစ်စရာလေး
မှူးထက်တောင်ငယ်သွားပြီ""ဟင်းး😄 တကယ်လား"
"တကယ်ပေါ့ သွားရအောင်
အောက်မှာ ဝိုင်းကြမယ်"ဟိုတယ် အောက်ထပ်ဆင်းတော့ ဟေမာန်ကရောက်နှင့်နေလေပြီ
"ဟေမာန် မှာပြီးပြီလား"
"မှာထားတယ် မှူးတို့ထပ်မှာလိုက်ဦးလေ"
မှူးက သောက်ဖို့မြည်းဖို့မှာပြီး
"မသောက်ခင် အကြမ်းလေးခင်းရအောင်"
ဟေမာန်ခေါင်းငြိမ့်ပြတာနဲ့ မှူး Ipad ထုတ်ပြီး နှစ်ယောက်သားခေါင်းချင်းဆိုင် ဆွေးနွေးကြလေသည်
မှူးရဲ့စက်ရုံရဲ့ အကွက်ချပုံစံလေးနဲ့ ဘယ်စက်ကို ဘယ်မှာချထားသင့်တယ် သုံးသင့်တယ် ပြောရင်းး
မှူး မကိုတစ်ချက်ကြည့်လိုက်သည်မှူးကို စိုက်ကြည့်နေပြီး မှူးကြည့်လိုက်တော့ မျက်လုံးခြင်း ဆုံမိသွားသည် မှူးဘာလုပ်ရမှန်းမသိတော့ရီပြပြီး အလုပ်ကိစ္စဆက်ပြောနေလိုက်သည်
စကားပြောနေရင်း စားစရာတွေနဲ့သောက်စရာတွေ
ရောက်လာတော့ မှူးက"ဟေမာန် သောက်လေ စားသောက်ရင်းစကားပြောကြတာပေါ့"
မှူး စကားပြောနေရင်း ပန်းရောင်ခွက်လှလှလေးကို သစ္စာ ဘက်ကို တွန်းပို့လိုက်ပြီး စားစရာတစ်ချို့ကိုလဲအလုပ်အကြောင်းပြောရင်း
ပင် ထည့်ပေးနေလေသည်ဟေမာန်ကတော့ မှူးနဲ့သစ္စာတို့ရဲ့အခြေအနေကိုကြည့်ပြီး ပြုံးစိစိဖြစ်နေလေပြီ ဘာလို့လဲ ဆိုတော့ မှူးလုပ်ပေးသမျှကို သစ္စာကပီတိအပြည့်နဲ့ ပြုံးပြီးကြည့်နေသည်လေ
မှူး အလုပ်ကို အမြန်လက်စသတ်ပြီး
"အဲ့တာဆို မှူးဒီညအပြီးဒီဇိုင်းဆွဲလိုက်မယ်
မနက်ဖြန်မနက်အစောကြရင် စက်ရုံသွားပြီး ဟေမာန် မြေပြင်လိုက်
ကြည့်လေ ဟိုဘက်က ပစ္စည်းသယ်လာမဲ့ အဖွဲ့က လှုပ်ရှားနေပြီ"
YOU ARE READING
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romanceချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...