အပိုင်း ၂၇

1.2K 67 2
                                    

သန့်ကို သစ္စာဖုန်းခေါ်လာသည် အဝင်call ကိုမှူးကမြင်နေရသည်

~ဟလို

~သန့် မောင်နဲ့အတူရှိနေလားဟင်

မှူးကို မကြားစေချင်တာမို့ သန့်ထိုနေရာမှ ထသွားလိုက်ပြီး

~ဘာတွေဖြစ်ကြတာလဲ မမရယ်

~မောင် စိတ်နာသွားပြီလား မသိဘူးသန့်ရယ်

သစ္စာငိုနေတာကို သန့်က သိတာမို့
~မငိုပါနဲ့ မမရယ် မှူး သန့်နဲ့အတူရှိတယ်
ဒါပေမဲ့ အခုတော့ မမ မလာနဲ့ဦးနော်
အခုအချိန်မှာ မှူးက အရမ်းသွေးပူနေတာ
ဘာပြောပြော နားဝင်မှာလဲ မဟုတ်လောက်ဘူး
မမအခုဘယ်မှာလဲ

~လမ်းမှာ မောင်ကဘယ်ထွက်သွားမှန်းမသိဘူး
ဘယ်လိုက်ရမှန်းလဲ မသိဘူး

~မမ ဒီညတော့ အိမ်ပြန်လိုက်နော်

~သန့် မမ အိမ်လေးမှာပဲစောင့်နေမယ်

ထိုအိမ်ကို မှူးဖျက်ဆီးခဲ့လောက်တယ်ဆိုတာ သန့်သိနေသည်

~မမ အိမ်လေးကိုမသွားနဲ့
မမအိမ်ကိုပဲ ပြန်လိုက်နော် မနက်ကျ သန့်အခြေအနေဖုန်းဆက် လိုက်မယ် အိမ်ကိုတန်းပြန်နော်

သစ္စာဖုန်းချတာနဲ့မှူးထံပြေးရပြန်သည်

"မှူး မင်းဆီလာမယ်ဆိုလို့ ငါအိမ်ပြန်ခိုင်းလိုက်တယ်
သူငိုနေတယ် မှူးရာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာပဲ
ဘာလို့များ နာကျင်အောင် ဖန်တီးနေတာလဲ
မနက်ဖြန် မမ ရှင်းပြတာ မင်းနားထောင်ရမယ် "

"ငါ့ကို အရက်တိုက်ကွာ ငါစိတ်ပြောင်းသွားပြီ ငါသောက်ချင်တယ် ဒီညဘယ်လိုမှရပ်တည်နိုင်မှာ မဟုတ်တော့ဘူး"

မှူးလိုအပ်တာ မှန်သမျှသန့်ကဖြည့်ဆည်းပေးသည်

"ရမယ် ဖြစ်စေရမယ် "

သန့်က တပည့်တစ်ယောက်ကိုလှမ်းခေါ်ပြီး

"ခပ်ပြင်းပြင်းလေး ၅ ခွက်လောက် ဖျော်လာခဲ့..
မှူးမင်းသောက်ပြီးရင် ငါအိမ်လိုက်အိပ်လိုက်"

~~~~~~~~~~

တစ်ဖက်မှာတော့ ပြောစကားနားမထောင်တဲ့ သစ္စာက အိမ်လေးကိုရောက်သွားသည် တကယ်က ငိုထားတဲ့မျက်နှာမှန်းသိသာနေတာမို့ သစ္စာအိမ်ပြန်လို့အဆင်မပြေ တီလေးသာအကုန်သိသွားရင် ပိုရှုပ်ကုန်မည်လေ

ချစ်ရပါသော ဒိုင်ယာရီလေးရေOù les histoires vivent. Découvrez maintenant