"ကဲ ရှင်ကျွန်မကို စာအန်ရမယ်
သင်ထားတာ အလွတ်ရပြီလား""မရယ် ညနေမှ မဟုတ်ဖူးလား
ခုမှ မဆီကအချစ်တွေရပြီး
ပူပူနွေးနွေး ချစ်သူဖြစ်လို့ကြည်နူးနေတာကို
စာက ပြန်ရတော့မှာလား""ဘာလဲ မရသေးဘူးလား"
"မဟုတ်ပါဘူး ရပါပြီ"
"အဲ့တာရွတ်ပြတာ ဘယ်လောက်ကြာလို့လဲ"
"ဟုတ်ကဲ့ပါ
ဟုတ်ကဲ့ပါ ရွတ်ပြပါ့မယ် နားထောင်နော်"မှူး သစ္စာဘေးနားတိုးထိုင်လိုက်ပြီး
"ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
....
....
....
ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ
သီလဝါ ဒဿနေန သမ္ပန္နော
ကာမေသု ဝိနယ ဂေဓံ
န ဟိ ဇာတု ဂ္ဂဗ္ဘ သေယျ နပုရေတိ
မေတ္တာသုတ္တံ နိဋ္ဌိတံ....
ကဲအဆင်ပြေတယ်မှတ်လား""သာဓုသာဓုသာဓု တော်လိုက်တာ နေ့တိုင်းဘုရားရှစ်ခိုးရမယ်နော်
မေတ္တာသုတ်လည်း ရွတ်ရမယ်ကြားလား""ဟုတ်
ဟီးး ပျော်လိုက်တာ မ ဆီကမေတ္တာတွေရတဲ့နေ့မှာ
မေတ္တာသုတ်ရွတ်ပြရတယ် ကွက်တိပဲနော်""ရှင်လေးဆိုတာလေ ဒါပဲတွေးနေ
စကားကလည်း တတ်နေရောပဲ
ဟုတ်တော့လဲ ဟုတ်ပါတယ်""မ...မရဲ့အန်တီလေးက ငယ်တယ်နော်"
"အင်းဟုတ်တယ် မရဲ့အဖိုးအဖွားက အသက်ကြီးမှ
ကလေးထပ်ရတာ အစက မယူဖို့လုပ်ကြတယ်တဲ့
နောက်ဘုရားကပေးတာပဲ ယူကြမယ်ဆိုပြီး ယူဖြစ်တာတဲ့
မနဲ့ ၆ နှစ်လောက်ပဲကြီးတာ အစ်မအရွယ်ပဲလေ""Aww မနဲ့သိပ်မကွာဘူးပဲ
အဒေါ်ဆိုပြီး အရမ်းနုဖက်နေတော့တွေးမိသွားတာ အန်တီလေးက လှပါတယ်
မရဲ့အလှကိုတော့ ဘယ်သူမှ မမီဘူးနော်""ဟင်းနော် စလာပြီ"
"တကယ်ပြောတာပါ မရယ်"
မှူး သစ္စာကိုစိုက်ကြည့်ပြီး
"မ..."
"ဘာ..ဘာလဲ"
"ချစ်တယ်"
"မှူးချစ်တာကို မ သိပါတယ် မ ခံစားမိတယ် မကိုချစ်ခွင့်ပန်တဲ့ယောက်ျားလေးတွေ သူတို့ဘက်က ချစ်တယ်ပြောရင် မကိုတကယ်ချစ်တာပါလို့ မခံစားမိဘူး မှူးနဲ့က ခံစားမိတယ် မှူးရဲ့ဂရုစိုက်မှုတွေ
မှူးရဲ့သိတတ်မှုတွေ မှူးရဲ့အချစ် အကုန်သိတယ်လို့နော်"
ESTÁS LEYENDO
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romanceချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...