မှူးနဲ့သစ္စာတို့ မမရဲ့နောက်ဆုံးခရီးကို အကောင်းဆုံးပို့ပေးခဲ့ကြသည် မှူးကျေနပ်ပါသည် သူမဝမ်းနည်းနေတဲ့အချိန် သူမဘေးနားမှာ ရှိနေပေးနိုင်ခဲ့သည်လေ
သစ္စာ အတည်တကျပြန်ဖြစ်ဖို့ကိုလဲ မှူးကပဲ အနီးကပ်အချိန်ပြည့်ပျော်ရွှင်အောင်ထားခဲ့သည် အရာအားလုံးမှူးဖြေရှင်းနိုင်ပေမဲ့မှူးဖြေရှင်းလို့မရတဲ့အရာကတော့
"ပိုင်စစ်မှူး"
အဖိုးရဲ့အသံအနိမ့်အမြင့်ကို နားထောင်လိုက်တာနဲ့ မှူးသိပါသည်
"ဟုတ်အဖိုး"
"နာရေးရှိတယ်ဆိုလို့ သည်းခံပေးထားတာနော်
နာရေးရက်လည်လောက်ကနေ လလည် နှစ်လည်တွေ တက်မလာစေနဲ့ အချိန်ကာလတစ်ခုထိ စောင့်ကြည့်နေမယ် မင်းမဖြတ်ရင်ငါကိုယ်တိုင်ဖြတ်မယ်"မှူးအဖွားကို စစ်ကူခေါ်ဖို့ ငေးကြည့်လိုက်ပေမဲ့ အဖွားကမသိဟန်ဆောင်လိုက်သည်
အဖိုး အခုလို မှူးအပေါ် စိတ်တိုသည်မှာလဲ ပထမဆုံးအကြိမ်ဖြစ်သည်လေ"အဖိုးရယ် အဲ့နေ့ကလေ မမဆုံးသွားတော့ "
"အဲဲဒီတော့
အဲ့မိန်းကလေးက မင်းကို မေ့ထားစရာလား ပိုင်စစ်မှူး"''မှူးဘက်က နားလည်ပေးရမှာပေါ့အဖိုးရယ် သေရေးရှင်ရေးတစ်ခုလေ ''
"မင်းကလဲ ငါတို့ရဲ့တစ်ဦးတည်းသော မြေးလေးလေ
မင်းကလဲ ငါတို့ရဲ့သေရေးရှင်ပဲ မင်းနားလည်ရဲ့လား
ဟောဒီလောကမှ ငါတို့လင်မယားရဲ့ကမ္ဘာကြီးက မင်းပဲ ပိုင်စစ်မှူး
မင်းတစ်ခုခုဖြစ်ရင် ငါမိန်းမအရင်သေသွားလိမ့်မယ် သိရဲ့လား"ဟုတ်ပါသည် မှူးအဖိုးအဖွားတို့ရဲ့နေရာကနေ ကြည့်မပေးမိခဲ့
အဖွားရဲ့ရောဂါအနေအထားနဲ့ မှူးတစ်ခုခုဖြစ်ခဲ့ပြီဆို ရုတ်တရက်အမောဖောက်သွားနိုင်သည်မှူးအဖွားကို လှမ်းကြည့်မိတော့ အဖိုးစကားတို့က မှန်နေသည်အလား အဖွားက အပြုံးလေးနဲ့ပြောပြနေပြန်သည်
''မှူး မှူးတောင်းပန်ပါတယ်
မှူး အဖိုးနဲ့အဖွား ခံစားရမှာကို ထည့်မတွက်မိဘူး
ဒါပေမဲ့အဖိုးရယ် မှူးဘဝထဲ ဝင်လာတဲ့တစ်စိမ်းဆိုတာ
မှူး တွယ်တာမိတာ မ တစ်ယောက်ပဲရှိတာပါ"
VOCÊ ESTÁ LENDO
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romanceချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...