"မှူးက လုပ်ငန်းအစုံလုပ်တယ်
Loon company ကိုဦးဆောင်နေတာပါ"သစ္စာတို့နှစ်ယောက်လုံး ပြိုင်တူထွက်လာတဲ့အသံက
"ရှင်........"
သံပြိုင်ထွက်လာတာကြောင့် မှူး လန့်သွားသည်
"ဘာဖြစ်လို့လဲ"
"ဟို မှူးက အဲ့တာဆို loon group က အမွေခံပေါ့"
"ဟုတ်တယ်လေ"
နောက်တစ်ဆက်ထဲ သစ္စာဆီကထွက်လာတဲ့အသံက
"ဒါဆို မှူးက မိန်းကလေးပေါ့"
မိန်းကလေးဆိုတာ မှူးရဲ့ဖြစ်တည်မှုမို့ မှူးတံ့ဆိုင်းမနေ
"ဟုတ်ပါတယ် မှူးကမိန်းကလေးတစ်ယောက်ပါ
Tomboy တစ်ယောက်ဆိုလဲမမှားပါဘူး
မှူးက tomboy မို့မခင်ချင်ကြတော့ဘူးလား"မှူး သစ္စာရဲ့အဖြေကိုစောင့်ရင်း ရင်ပူမိသည်
(ခင်မင်မှုလေးတော့ ရခွင့်ပေးပါနော်)သစ္စာကချက်ချင်း
"မဟုတ်ပါဘူး သစ္စာတို့က ခေတ်ပညာတတ်တွေပါနော် ဒီအသိုင်းအဝိုင်းနဲ့မစိမ်းပါဘူး"မှူး မသိမသာ သက်ပြင်းချရင်း
"အဲ့လိုဆို တော်သေးတာပေါ့"
မြတ်က
"ကဲ cheer လုပ်ရအောင်ပါ
တစ်ခွက်လောက်သောက်ပြီးစားလိုက်ရင်
အစာကြေရင်ချောင်တာပေါ့"အားလုံးခွက်ကိုင်လိုက်ပြီး ခွက်ချင်းတိုက်ကာ
"cheer နှစ်ယောက်လုံးနဲ့ခင်မင်ခွင့်ရတာ
ဝမ်းသာပါတယ်""တူတူပါပဲ တို့တွေလဲ မှူးနဲ့တွေ့ရတာ
ကျေးဇူးလဲတင်သလို ဝမ်းလဲဝမ်းသာပါတယ်"
သုံးယောက်လုံး နည်းနည်းစီသောက်လိုက်ကြသည်ငြိမ်သက်နေတဲ့ဝိုင်းလေးကို မြတ်ကထိုးဖောက်လိုက်ကာ
"မှူး ပုဇွန်စားဦး
မှူး အကြောင်းကို တို့ကခနခနကြားဖူးတယ်
တို့ညီမဝမ်းကွဲလေးဆို မှူးမှမှူး
အခုတွေ့ဖူးမှသိတယ် မှူးကကြည့်ကောင်းတာကို""နောက်နေပြန်ပါပြီ မမြတ်ရယ်"
"မနောက်ပါဘူးနော်
အခုရော ဝိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေထဲက ရွေးချယ်ပြီးပြီလား"
KAMU SEDANG MEMBACA
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romansaချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...