အပိုင်း ၂၀

1.2K 69 2
                                    

ချစ်သူနှစ်ဦး စိတ်ကြိုက်စားသောက်ပြီး အေးဆေးသည့်အချိန်မှ
မှူးဖြစ်ပျက်ခဲ့သမျှဖွင့်ပြောဖို့စဥ်းစားထားသည်
နှစ်ဦးသား စားသောက်​ပြီး ကိုယ်ပိုင်အိမ်​လေးကိုပြန်ရောက်ပြီမို့ အချိန်အခါသင့်ပြထင်သည်
မှူး သစ္စာလက်ကိုကိုင်လိုက်ပြီး

"မ"

"ရှင့်"

"မောင်ပြောစရာရှိတယ်"

"ပြောလေမောင်ရဲ့
မောင်ဘာပြောမလို့လဲ"

"မောင်လေ ဒီနေ့ ရဲစခန်းကိုခနရောက်သွားတယ်"

သစ္စာ မှူးစကားကြောင့် လန့်သွားပြီး

"ဘာ
မောင် ဘာပြောလိုက်တယ်"

"ဒီအတိုင်းခေါ်မေးတာပါမရယ်
မမရဲ့ယာဥ်တိုက်မှုကို အမှုဖွင့်ထားတဲ့သူရှိတယ်ဆိုပြီး
မောင့်အိမ်ကိုရောက်လာတာ
အဲ့တာ စခန်းခနခေါ်တာနဲ့လိုက်သွားလိုက်တယ်
ပြီးတော့ မောင်မဟုတ်ဘူးဆိုတာ သေချာရှင်းပြခဲ့ပါတယ် "

"အဲ့တာကို ဖုန်းလေးတောင်မဆက်ဘူးမောင်ရယ်
တစိမ်းဆန်လိုက်တာ
ဘာတွေပြောလဲ ဘာတွေမေးလဲ
ဒီနေ့ကားလဲစီး လာထဲက သတိထားမိသင့်တာ
ကားပြောင်းသွားတာ အဲ့တာကြောင့်လား"

"အင်း ဟုတ်တယ်
ကားကို စခန်းကသိမ်းသွားတယ် ခနယူထားမယ် စစ်စရာရှိတာလဲစစ်ရအောင်တဲ့ မောင့်ကိုက ရှေ့နေကြီးအာမခံနဲ့လွှတ်လိုက်တာ
သူတို့စစ်ဆေးနေတုန်း ဘယ်မှမသွားရဘူးပြောထားတယ် "

"အဲ့တာကို မက အခုမှသိခွင့်ရတာလားမောင်"

"မ သက်သက်မဲ့စိတ်ပူနေမှာစိုးတာပါ
အခုဘာမှမဖြစ်ဘူးလေ ပြီးတော့...
အမှုဖွင့်တဲ့သူကလေ မမရဲ့ယောက်ျားလို့ပြောတယ်​နေတယ်
သူနဲ့အဆက်အသွယ်ရသေးလား
အဲ့လူက ဆေးရုံတောင်တစ်ခေါက်လာမကြည့်ပဲအမှုဖွင့်တယ်ဆိုတော့ ထူးဆန်းတယ်လေ"

သစ္စာတွေးတောရင်း
"ခုထိ အဲ့လူကို တစ်ခါမှမတွေ့သေးဘူးလေ
ဘယ်ကဘယ်လို အမှုဖွင့်ထားရတာလဲ
လူနာလာမကြည့်သေးတာရော ရဲတွေကိုပြောပြလိုက်လား"

"မောင့်ရှေ့နေကြီးကိုတော့ပြောပြထားတယ်
မမကိုသာလာမတွေ့​သေးတာ မောင့်ကိုတော့ တရားစွဲထားတယ်
CCTV လဲ သူတို့မှာရှိနေတယ် ထူးတော့ထူးဆန်းတယ်
ကဲပါ မရယ် စိတ်ပင်ပန်းနေမှာ မတွေးတော့နဲ့
အခုမောင်လဲ ဘာမှမဖြစ်ဖူးလေနော်
ရေသွားချိုးတော့ ပြီးရင်မောင်ချိုးမယ်"

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now