ချစ်ရပါသော ဒိုင်ယာရီလေးရေ
အပိုင်း (၂၄)မှူး ရုံးကိုရောက်တော့ အားလုံးကလှုပ်လှုပ်ရှားရှားဖြစ်နေသည်
မှူး မသိလိုက်သည်က မှူးနဲ့မြတ်တို့ရဲ့ပုံတွေ ပြန့်လို့နေသည်ကိုပင်"သော်တာ ဘာဖြစ်နေကြတာလဲ"
"MD MD လိုင်းမသုံးရသေးဘူးလား
ရုံးက Group မှာရော
တချို့ group မှာရော MD နဲ့ မမြတ်ပုံတွေပြန့်နေတယ်
မနေ့ညက dinner ကပုံတွေ"မှူးချက်ချင်းကြည့်လိုက်တော့ ကားထဲမှပုံများ မသိလျှင်မှူးက မြတ်ကိုယ်ပေါ်တွင် တစ်ခုခုလုပ်နေသည်ပုံ ဖြစ်နေသည်
တချို့က လက်သွက်ကြောင်း တချို့က လိုက်ဖက်ကြောင်း
ကောင်းသည်ဆိုးသည် အကုန်မန့်ထားကြသည်# တောက်
မှူးတောက်ခေါက်လိုက်သည်
အဖိုးဆီရောက်နေတော့မှာ သေချာသည် ဘယ်သူလက်ချက်မှန်းမသိ
မှူး အရာအားလုံးကိုရင်ဆိုင်နိုင်ပေမဲ့
သစ္စာကိုတော့ရင်မဆိုင်ရဲ"ဘယ်သူတင်တာလဲ ဘယ်ကစတာလဲသိရလား
ခနထိုင်ဦး သော်တာ ဖြစ်တာကဒီလို...."သော်တာဆိုတာ မှူးရဲ့အနီးကပ်ဆုံးသူမို့ အကုန်သိထားမှဖြစ်မည်
မှူးအဖိုး ဖုန်းခေါ်လာသည် သေချာသည် ထိုကိစ္စပင်ဖြစ်မည်
"ပိုင်စစ်မှူး မင်းဘာတွေရှုပ်နေတာလဲ"
"မဟုတ်ဖူးအဖိုး အဖိုးအထင်လွဲနေတာ
မှူးရှင်းပြမယ်..""မလိုချင်ဘူး ပိုင်စစ်မှူး
မင်းကြောင့် ငါ ကိုမိုးကိုဘယ်လိုမျက်နှာပြရမလဲ မသိတော့ဘူး
မင်းကွာ မင်း... မင်းပြဿနာတွေမင်းရှင်း"# ဟူးးး
စိတ်ရှိတိုင်းသာဆိုရင် အကုန်ရိုက်ခွဲပစ်လိုက်ချင်သည်မို့
ဒေါသကို ထိန်းထားရသည်သစ္စာဆီဖုန်းခေါ်လိုက်သည်
"ဟယ်လို မောင်ဘာရှိလို့လဲ.."
ထိုလေသံနဲ့ဆို သစ္စာမသိသေးတာ သေချာသည်
"မ မောင်ပြောတာနားထောင်နော်
လိုင်းပေါ်မှာ မမြတ်နဲ့မောင့်အကြောင်း မဟုတ်တာတွေပွနေတယ်
မ လိုင်းမသုံးပါနဲ့ဦးနော် "
BẠN ĐANG ĐỌC
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Lãng mạnချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...