မှူး မ..ကို ပို့ပေးပြီး မ..မှာလိုက်တဲ့အတိုင်းအိမ်ကိုပဲ
တန်းတန်း ပြန်လာခဲ့သည် အိမ်ရောက်တော့အလုပ်
အတွက်ပြင်ဆင်ပြီး အိပ်မယ်လုပ်တော့ မအိပ်နိုင်သေး
မ..အကြောင်းတွေးပြီး အိပ်မရတာနဲ့ ထုံးစံအတိုင်း
ဒိုင်ယာရီစာအုပ်လေးထုတ်ပြီး မ..အကြောင်းတွေ စာစီ
လိုက်သည်"မရယ် စာစီရင်တောင် မကို မှူးချစ်တဲ့အကြောင်းတွေ
မကုန်နိုင်ဘူးနော်
မ..အူတိုတာလေးလဲချစ်တယ်
စိတ်မချတာလေးလဲ ချစ်တယ် ပြန်ခါနီး ဟိုဧည့်သည်ကို
အရင်မခေါ်ပဲ မ..ကိုအရင်လာခေါ်ဖို့ကမှာလိုက်သေးတယ်"စာရေးပြီးလဲ မှူးအိပ်မရသေး ဖုန်းထုတ်ပြီး မ..ရဲ့ပုံလေး
ထုတ်ကြည့်လိုက်သည်(မှူး ရူးနေပြီလားမသိဘူး အချစ်ရူးလေး
မကို ချစ်တဲ့ အချစ်ရူးလေးဖြစ်နေပြီ
သိပ်ချစ်လွန်းလို့ ပိုင်ဆိုင်ခွင့်တော့ရချင်တယ် မရယ်
ဖွင့်ပြောလိုက်လို့ မဘက်က ခွင့်မပြုခဲ့ရင် မှူးဘဝ
ဘေးနားကနေတောင် ဖြည့်ဆည်းပေးခွင့်ရပါ့မလား)~ဟူးးး
မှူးသက်ပြင်းချပြီး အိပ်ပျော်အောင်အိပ်လိုက်တော့သည်
~××~ ~××~ ~××~ ~××~
သစ္စာကိုယ့်အကြောင်းနဲ့ကိုယ်မို့ အိမ်ပြန်ရောက်တာနဲ့
သစ္စာ အန်တီလေးကိုပြောရဦးမည် သစ္စာမိဘတွေကို
ဆုံးရှုံးလိုက်ရကတည်းက တီလေးကပဲ သစ္စာကိုရော
ဒီဘိုးဘွားအစဉ်အဆက်လုပ်လာတဲ့ ဆေးထုတ်တာတွေကို
ရော ထိန်းသိမ်းစောင့်ရှောက်လာတာဖြစ်သည်"တီလေး သမီး မနက်ဖြန်သူငယ်ချင်းနဲ့ခရီးထွက်ဖို့လေး
ရှိတယ် ၃ ၄ ရက်လောက်ကြာမယ်""ဘယ်လဲသမီး"
"ပြည်ဘက် တီလေး
သူငယ်ချင်း တစ်ယောက်က ပြည်စက်ရုံဘက်ကိုသွားမှာ
အဖော်မရှိလို့ ပြီးတော့ သဲလည်းခရီးမထွက်ရတာကြာပြီ
ပြည်ဘက်လဲ လည်ချင်လို့""ဟုတ်ပါပြီ သမီးလဲ ဒီဆေးတွေနဲ့ပဲ လုံးပန်းနေတာ
ခရီးထွက်တာလေး လုပ်ပေးသင့်တာ သွား သွား
သဲလေး မမ သာ သဲလေးလိုစိတ်ရှိရင်အကြီးတစ်ယောက်
ပီသရင် ငါ့တူမလေး ခုလိုပင်ပန်းရမှာမဟုတ်ဘူး"
ESTÁS LEYENDO
ချစ်ရပါသော ဒိုင်ယာရီလေးရေ
Romanceချစ်ရပါသော ဒိုင်ယာရီလေးရေ ဒီနေ့က မင်းကို ရေးဖြစ်တာနောက်ဆုံးပဲထင်တယ် ဘာလို့လဲဆိုတော့ ~အတိတ်ကြောင့်ပေါ့ ဟုတ်တယ် အတိတ် ပြန်တွေးကြည့်ရင် မှူး အတိတ်ကို ပြန်သွားရတော့မှာပေါ့ မှူးသိပ်ချစ်တဲ့ သူမ မှူးရဲ့အသည်းစိုင်လို့ တင်စားရမဲ့ သူမ ________________________...