အပိုင်း ၁၉

1.3K 73 3
                                    

အိပ်ဖို့ကြိုးစားကြပါသော်လည်း
နှစ်ယောက်လုံးမှာ အတွေးကိုယ်စီနဲ့မို့ မအိပ်နိုင်

"မောင် အိပ်နေပြီလား"

အိပ်ပျော်နေသူအတွက် မနိုးနိုင်တဲ့အသံမျိုးဆိုပေမဲ့ မအိပ်နိုင်သေးတဲ့မှူးကတော့ သစ္စာရဲ့အသံတိုးတိုးလေးကို ကြားနိုင်ပါသည်

"မအိပ်သေးဘူးလား မ "

"မောင်နိုးသွားတာလား ဒါမှမဟုတ်
မအိပ်သေးတာလား "

"မောင် မအိပ်သေးတာပါ မရယ်"

"မောင်အဲ့ကိစ္စ တွေးနေတာလား"
သူမရဲ့နွမ်းလျတဲ့ အသံလေးကြောင့် မှူးပိုခံရခ​က်ပါသည်

မှူးသက်ပြင်းချရုံအပြင်မရှိ ပြင်းရှတဲ့သက်ပြင်းတစ်ခုကိုချလိုက်မိတော့ ထွက်သက်ရဲ့နွေးတဲ့အငွေ့အသက်လေးက သစ္စာထံကို ကျရောက်သွားသည်

သစ္စာ စိတ်မကောင်းဖြစ်နေတဲ့ မှူးကိုတင်းကြပ်နေအောင်ဖက်ထားသည်

သစ္စာ စိတ်မကောင်းဖြစ်နေတာ မှူးခန့်မှန်းမိသည်

"မောင့်ကားက အဲ့နေ့က ဒီက carparking မှာပဲထိုးထားတာ
ပြီးတော့ တစ်ညလုံး မောင်ဘယ်မှမသွားခဲ့ဘူးလေ"

"အဲ့ဟိုကားကရော"

"အိမ်မှာက မောင့်ကားဆို မထိရဲဘူး ဘယ်သူမှမစီးတာ
ပြီးတော့ ယာဥ်မောင်းဦးလေးတွေလဲ မထိဘူး
ဖြစ်နိုင်တာ တစ်ခုပဲရှိတော့တယ်"

"ဘာလဲမောင် ဘာဖြစ်နိုင်တာလဲ"

"ဘာမှ မဟုတ်ပါဘူး
မောင်လျောက်တွေးမိနေတာ
ကဲ မောင့်မိန်းကလေး အိပ်သင့်နေပြီ"

(တစ်ယောက်ယောက်က သေချာကို
ငါ့ကားနဲ့တူအောင်ကို ကားပွားထားတာပဲဖြစ်မယ်
အဲ့လိုဆိုရင်တော့ ရည်ရွယ်ချက်ရှိရှိလုပ်ထားတာပဲ
ယာဥ်တိုက်မှုကလဲ မတော်တဆလား ရည်ရွယ်ချက်ရှိရှိလားဆိုတာ မသိနိုင်ဘူး)

အတွေးလွန်နေတဲ့ မှူးပါးလေးကို ဖွဖွလေးကိုင်လာသည်

"မ ရှိတယ်"

မှူးက ဘာကိုဆိုလိုမှန်းမသိတော့ ကြောင်တောင်တောင်လေးဖြစ်နေသည်

"သက်သေလေ
မ ရှိတယ်လေ မောင်ရဲ့"

မှူးမျက်လုံးပြူးလေးဖြင့် သစ္စာကိုသေချာကြည့်ပြီး

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now