အပိုင်း ၁၇

1.3K 95 4
                                    

"မောင် ရုံးသွားတော့ကွာ
ပြီးရင်အချိန်အခါမဟုတ် ရုံးသွားပြီး သူများတွေကို ဒုက္ခပေးဦးမယ် "

"အာ မရယ် မအနားမှာ ခနလေးခွေချင်လို့ပါ
အားမရှိတော့ဘူး အားဆေးကလဲလိုသေးတယ်"

"ရှင်​လေးကလေ ကဲကိုကဲတယ်
ရေနွေးသွားထည့်လိုက်ဦးမယ် ပြန်လာရင်ပေးမယ်
စောင့်နေ"

"မ ကော်ဖီသောက်ချင်လို့လား မသွားနဲ့မောင်သွားလိုက်မယ်
ပေး​ပေး မောင့်ကိုဓာတ်ဘူးပေး
မောင်သွားထည့်ပေးမယ်"

မှူး ချစ်သူဆီက အနမ်းကိုရဖို့အပြေးအလွှား
အလိုက်တသိ ရေနွေးသွားဖြည့်လေသည်
မှူး ရေနွေးဓာတ်ဘူးထဲ ရေနွေးဖြည့်ပြီးအခန်းတံခါးဝပြန်ရောက်တော့ အခန်းထဲမှစကားပြောသံတချို့ကြားနေရသည်

"မမ သတိရလာမှာပါ သစ္စာရယ်
အရမ်းကြီးပေါက်ကရတွေ မတွေးနဲ့လေနော်"

မှူးလဲ တံခါးခေါက်ပြီး အသာလေးဝင်သွားလိုက်သည်

"ဧည့်သည်​တွေ ရောက်နေတာထင်တယ်"

သစ္စာရဲ့သူငယ်ချင်းများ ရောက်နေခြင်းဖြစ်သည်

"သြော် မှူး လာလာ
ဧည့်သည်ရယ်လဲ မဟုတ်ပါဘူး
ဒီကအမတွေက သစ္စာရဲ့တက္ကသိုလ်ကသူငယ်ချင်းတွေလေ"

သစ္စာဆိုတဲ့ အမည်နာမလေးကိုသုံးလိုက်ပြီး မောင်ဆိုတဲ့နာမ်စားလေးက မှူးအဖြစ်သို့ပြောင်းလဲသွားခဲ့သည်
ချစ်သူရဲ့ လေယူလေသိမ်းလေးကြောင့် မှူး မျက်နှာအနည်းငယ်ပျက်သွားသည်

မှူးမျက်နှာငယ်လေးဖြစ်သွားတာကို သစ္စာလည်း သတိထားမိပါသည် သစ္စာအနေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောဖို့ အဆင်သင့်ဖြစ်မနေသေး အဆိုးဆုံးကသစ္စာနဲ့ငယ်ငယ်ထဲက ပြိုင်ဆိုင်ခဲ့ကြတဲ့ သူငယ်ချင်းလဲရှိနေသည်

"ဟုတ်ကဲ့ အားလုံးတွေ့ရတာ ဝမ်းသာပါတယ်
ပိုင်စစ်မှူး လို့ခေါ်ပါတယ် ဒီက မသစ္စာရဲ့မိတ်ဆွေ ပါ"

ထိုအခါ တစ်ဖက်မှလည်း တစ်ဦးချင်းစီပြန်လည်မိတ်ဆက်လေသည်

"ကျွန်မက လင်းလက် ပါ
သူကတော့ ညိုဇင်
ဒီက အကိုက ကိုထိုက်တဲ့ "

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now