အပိုင်း ၃၀ (End)

3.4K 114 4
                                    

သန့်နဲ့ဟေမာန်က ဆိုင်ကိုလာဖို့ပြောတာကြောင့် မှူးတို့ဆိုင်ကိုသွားသည်
တကယ်တော့ မှူး တစ်ခုခုစီစဥ်နေခြင်းပါ

သစ္စာက မှူးကိုမသွားခင်ကတည်းက ပေါက်ကရတွေထပ်မဖြစ်ရအောင်တားသည်

"မောင် သောက်တာစားတာ"

"မောင် ​သောက်သင့်သလောက်ပဲ သောက်ပါ့မယ်နော်
အပေါင်းအသင်းနဲ့ ပွဲလမ်းဆိုရင် မောင်နည်းနည်းသောက်မယ် ကျန်​တဲ့အချိန်မသောက်ပါဘူး ကတိပေးထားတယ်လေ"

သစ္စာ ယုံပါသည် မောင်က ကတိစကားတည်တတ်သူဆိုတာသိသည်

"ပြီးရော"

"ဒါနဲ့ ဒီလက်စွပ်ပဲ တကယ်ဝတ်မှာလား
မောင်က မောင်ဝယ်ထားတာလေးဝတ်စေချင်တာကို"

မှူးကားမောင်းရင်း လက်စွပ်ကို တစ်ချက်ကြည့်သေးသည်

"ဒီလက်စွပ်လေးက ပိုအဓိပ္ပါယ်ရှိတယ်လေ မောင်ရဲ့
အဖွားက ကတိသစ္စာတည်အောင် သေချာဝတ်ပေးထားတာလေ
မက ဒါလေးပဲကြိုက်တယ်"

"အဲ့လိုဆိုလဲ ပြီးတာပဲ
အင်း... ကားမောင်းရတာလဲ ပင်ပန်းလိုက်တာ"

"ထူးထူးဆန်းဆန်းပါလား
ပင်ပန်းနေရင် မ မောင်းမယ်
ကားဘေးကို ခနချလိုက်"

"အဲ့လိုမဟုတ်ဘူး အာဘွားလေးလိုနေတယ်ပြောတာ
အားပြည့်အောင် အားသွင်းဖို့လိုအပ်တယ်လေ"

တကယ်တော့ မှူး သစ္စာကို အကြင်နာအနမ်းပေးဖို့ စကားခေါ်နေခြင်းပါ

"ကားမောင်းနေတာကို"

ခနကြာတော့ မီးပွိုင့်မိသည်

"မြန်မြန်လေး ပွိုင့်ကလိုသေးတယ်
အာဘွားလေးပေးပါဦး"

ပွိုင့်မိနေချိန် အနမ်းကိုအတင်းတောင်းတော့ သစ္စာ မှူးပါးလေးကိုအနမ်းပေးရသေးသည်
မရသေးဆိုလာတာကြောင့် နှုတ်ခမ်းလေးကထပ်နမ်းရပြန်သည်

"မှူး ​ရောက်လာပြီလား
လာအထဲဝင်ထိုင်ဦး"

မှူးနဲ့သစ္စာကို ဆိုင်ထဲဝင်ထိုင်စေပြီး သန့်က အလုပ်တချို့ဖြတ်နေသည် ခနကြာတော့ သန့်ရောက်လာသည်

"မမ ဟေမာန်နဲ့ပြောဦးနော်
သန့် မှူးကိုခနခေါ်သွားဦးမယ်"

You've reached the end of published parts.

⏰ Last updated: Dec 03, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now