အပိုင်း ၂၆

1.4K 70 8
                                    

မှူးနိုးလာတော့ သစ္စာမရှိတော့ မှူးရဲ့ဘေးတွင်တော့ ပျားရည်နှင့်သံပုရာသီးရောဖျော်ထားသောခွက်ကလေး ရှိ​နေသည်
သစ္စာဖျော်ခဲ့မှန်း မှူးသိပါသည်
ထိုခွက်လေးကိုကုန်အောင်သောက်ချလိုက်ပြီး ရေချိုးကာ Company ကိုထွက်ခဲ့သည်

company အတွက်အဆင်သင့်ဖြစ်ပြီမို့ မှူးရှယ်ယာရှင်များအားအစည်းအဝေးခေါ်ထားခြင်းဖြစ်သည်

"သော်တာရေ မှူးကို အားဖြည့်အချိုရည်လေးတစ်ခုခုတိုက်ပါဦး
ညကများသွားတယ်"
သော်တာ လာပေးတဲ့ shark အချိုရည်သောက်ပြီး အားဖြည့်လိုက်သည်

မှူးပြောခဲ့သည့်အတိုင်း မန်​နေဂျင်းဒါရိုက်တာ MD ရာထူးမှ နှုတ်ထွက်ပါမည်

"ရှယ်ယာရှင်တွေ အားလုံးလူစုံပြီဆိုတော့ အစည်အဝေးလေးစလိုက်ရအောင်ခင်ဗျ"

တစ်နှစ်တာ အရင်းအမြတ် လုပ်ငန်းတိုင်းရဲ့လချုပ်ကို Powerpoint နဲ့ရှင်းပြပြီး အကျိုးအမြတ်များကိုချပြသည်

"ဒါတွေအားလုံးက ဒီတစ်နှစ်တာအတွက် တင်ပြချက်တွေပါပဲ
လုပ်ငန်းပိုင်းဆိုင်ရာတွေ အားလုံးနဲ့ပတ်သတ်ပြီး မရှင်းတာမျိုး
ဒါမှမဟုတ် မကျေနပ်တာမျိုးရှိရင် မှူးကို ပြောနိုင်ပါတယ်ဗျ"

"တင်ပြအကြံပြုဖို့ရှိသေးလားခင်ဗျ"

မှူးကိုင်နေသည့်လုပ်ငန်းတိုင်းက အကျိုးအမြတ်တွေနဲ့မို့ ဘယ်သူမှ တင်ပြမည့်သူ အကြံပြုသူ ကန့်ကွက်သူ မရှိပေ
အားလုံးက မရှိဟု ဆိုလာတာကြောင့်

"ဒါဆိုရင်တော့ ထပ်ပြီး ကြေငြာစရာရှိတာလေး ကြေ​ငြာပါ့မယ်
အဲ့တာကတော့ ကျွန်တော် ပိုင်စစ်မှူး ဒီ company ရဲ့မန်နေးဂျင်းဒါရိုက်တာရာထူးကနေ နှုတ်ထွက်ပါတော့မယ်"

~ဟာ
~အိုးးး အဆင်ပြေနေတာကိုကွယ်
~ဘာပြဿနာရှိလို့လဲကွယ်

အားလုံးရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြသည်
မြတ်ကပါ အံ့သြနေသည်

"ဘာလို့ နှုတ်ထွက်ရတယ်ဆိုတာ သိခွင့်ရှိမလားရှင့်"

ဖခင်ကိုယ်စားတက်လာတဲ့ မြတ်သွယ်က မေးခွန်းထုတ်သည်
ယခုကဲ့သို့ နှုတ်ထွက်မည်ဆိုသည့်အကြောင်း မြတ်လုံးဝမသိခဲ့ရတာကြောင့် ဒေါသထွက်ရသည်
မြတ် အကြပ်ကိုင်စရာတစ်ခုလျာ့သွားတာကြောင့် ပိုလို့ဒေါသထွက်ရသည်

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now