အပိုင်း ၃

1.7K 83 1
                                    


မှူး ကပဲ ဦးဆောင်ပြီး ဝိုင်ပုလင်းဖောက်ပြီးထည့်ပေးလိုက်သည် နောက် မှူးသောက်ဖို့ ဂျက်ဂါမိုက်စတာ ကိုအချိုရည်နည်းနည်းနဲ့
စပ်လိုက်သည်

"ကဲ သောက်နိုင်ပါပြီ ဗျာ"

မှူး အရက်စပ်နေတာကြည့်ပြီး သစ္စာက

"အဲ့တာက သောက်လို့ကောင်းတယ်လား"

မှူးကို ကလေးလေးလိုမေးနေတဲ့သူမကိုကြည့်ရင်
အရက်ဆိုတာကို မထိဖူးတာသေချာသည်

မှူးက ကျောက်စိမ်းရောင်ပုလင်းပုလေးကိုင်ပြီး

"ဒါကို ဂျက်ဂါမိုက်စတာ (Jagermeister) လို့ခေါ်ကြတယ် မှူးကတော့ အစာကြေဆေးလို့ခေါ်တာ သူကအရက်ပါဝင်နှုန်း ၃၀ ကျော်ပေမဲ့ အရက်နံ့မျိုးမဟုတ်ဘူး နည်းနည်းတော့ပြင်းတယ် ဒါပေမဲ့ မ သောက်ကြည့် မှူးပျော့ပျော့လေးစပ်ပေးမယ် သောက်မလား"

"အင်း သောက်ကြည့်ချင်တယ်
မှူး စပ်ပေးလေ မူးရင်လဲ ကြည့်ထိန်းပေးဦး"

"မမူးစေရပါဘူး စပ်ပေးမယ် မမြတ်ရော
သောက်ဦးမလား"

မြတ်က လက်ကာပြပြီး
"တော်ပါပြီရှင် ကျွန်မ မှောက်နေပါ့မယ်"

မှူးခွက်ထဲထည့်စပ်ပေးပြီး မ ကိုပေးလိုက်သည်
နောက် မြတ်က

"ကဲ Cheer ပါ ထုံးစံအတိုင်း
အောင်မြင်ကြပါစေ"

"Cheer မမြတ်"

မှူး သစ္စာဘက်လှည့်ပြီး ခွက်ချင်းတိုက်လိုက်ကာ

"Cheer မ"

သစ္စာကလဲ
"Cheer မှူး"

သစ္စာတစ်ငုံသောက်လိုက်ပြီး သဘောတွေ့သည်ထင်သည်

"သောက်လို့ကောင်းသားပဲ ဝိုင်ကတောင်အနံ့ဆိုးသေးတယ်
ဒါလေးက မနံဘူးနော်"

"ဒါပေါ့ အဲ့တာကြောင့် ညွှန်းနေတာပါ
မှူးက သင်တန်းတက်ထားတာလေ"

"ဟာ တကယ်လား"

"တကယ် ဒီ့ထက်ကောင်းတာတွေအများကြီးရှိသေးတယ်"

"မှူးက တော်လိုက်တာ"

(မှူးဘဝမှာ ချီးကျူးသံတွေအများကြီး ကြားဖူးပေမဲ့
မ ပြောတာလေးကို ကလေးလေးတစ်ယောက်လို ပျော်နေမိတာ မရယ် မှူးတကယ်ကို ချစ်မိနေပြီထင်တယ်)

ချစ်ရပါသော ဒိုင်ယာရီလေးရေOnde histórias criam vida. Descubra agora