အပိုင်း ၂၉

2.3K 94 10
                                    


"ဘယ် ဘယ်ကိုသွားမှာလဲ"

မှူး သစ္စာ နား နားကပ်ကာ
"အိမ်ထဲက..
အိပ်ယာထဲကို"

သစ္စာကားပေါ်ကမဆင်းတာကြောင့် မှူးဆွဲခေါ်သွားသည်
မှူးက ရှေ့ကနေ ဦးဆောင်ကာ အိမ်တံခါးဖွင့်ဝင်သွားသည်
သစ္စာကတော့ နောက်ကလိုက်လာသည်

သစ္စာ အိမ်ထဲရောက်လို့ တံခါးပိတ်လိုက်ပြီး အိမ်ထဲအလှည့် ..
တစ်ဖက်က မှူးက ကားသော့ပစ်ချ
ဝတ်ထားတဲ့ နာရီကိုချွတ်ကာ
အိမ်တံခါးဘက်ကို ပြန်လှည့်လာသည်

​နောက် သစ္စာခါးကို ဖက်လိုက်သည်
နှုတ်ခမ်းကို အတင်းဖိကာနမ်းသည်
ဖိနမ်းသည့်အရှိန်ကြောင့် သွေးနံ့ထွက်လာသည်
နှစ်ဦးမှာ မည်သူနှုတ်ခမ်းပေါက်သွားသည်မသိ

တဖြေးဖြေး....နမ်းရင်း
နောက်ဆုတ်ရင်း ...
သစ္စာကျောပြင်​လေး အိမ်တံခါးမကို ထိကပ်သွားသည် 

မှူးရဲ့အနမ်းတို့က ရပ်တန့်မသွား ပိုလို့သာကြမ်းတမ်းလာသည်
သစ္စာ ပြေးစရာနယ်မြေ မရှိတော့သလို ပြေးမည်လဲမဟုတ်
မှူး သစ္စာခါးကို ဆွဲဖက်လိုက်ကာ နှုတ်ခမ်းကိုသာဖိနမ်းသည်
ဒါတင်မကသေး သစ္စာရဲ့ အင်္ကျီတို့ကို အတင်းချွတ်ပစ်နေသည်
သစ္စာရဲ့အင်္ကျီလဲကြယ်သီးတို့ပြုတ်ထွက်ကုန်သလို
မှူးရဲ့အနမ်းတို့ကလဲ ပိုလို့ ကြမ်းတမ်းလာသည်

"မောင်"

မှူး သစ္စာကိုစကားပြောခွင့်မပေး
မှူးရပ်တန့်သွားသည်က သစ္စာရဲ မျက်ရည်တို့ကို ခံစားလိုက်ရသည့်အချိန်ပင်

နမ်းနေတာကို ချက်ချင်းရပ်လိုက်ပြီး

"ဘာ ..ဘာလို့ငိုနေတာလဲ
ဘာလဲ အတင်းနမ်းမိလို့လား
နမ်းတာတောင်မခံနိုင်​တော့ဘူးလား"

"ခံနိုင်ပါတယ် မောင်ရယ်ဒါပေမဲ့..
မောင် တခြားမိန်းကလေးတွေကိုရော
ဒီလိုပဲနမ်းတာပဲလား"

သစ္စာမေးလိုက်တဲ့ မေးခွန်းကြောင်း မှူးခနငြိမ်သွားပြီး
သူမ မှူးနမ်းတာကိုခံရင်းတောင် ဒီလိုတွေးနေသည်လား

"သိချင်တာလား ပြောရင်ခံနိုင်ရည်ရှိလို့လား"

မှူးစကားကြောင့် သစ္စာ ပို၍ပင်မျက်ရည်တို့ကျလာတော့သည်
မှူးသစ္စာကိုဆွဲခေါ်လာပြီး ထိုင်စေသည်

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now