အပိုင်း ၆

1.4K 72 0
                                    

မှူးတို့ လျောက်ကြည့်နေရင်းမထူးတော့တာမို့ ရုပ်ရှင်လက်မှတ် ဖြတ်လိုက်ကြသည်

"မ"

"ပြောလေ မှူး"

"အခုလိုမျိုးလေ
မှူးတို့ နောက်လဲတွေ့ကြမယ်နော်"

"ဟုတ်ပါပြီ အားတဲ့အခါတွေ့လို့ရပါတယ်"

ခနနေတော့ မြတ်ကဖုန်းဆက်ပြီး မှူးတို့ရှိတဲ့နေရာကို
လာပူးပေါင်းလေသည် ရောက်လာတာနဲ့ မြတ်က

"ဘာစားပြီးကြပြီလဲ ရုပ်ရှင်မကြည့်ခင် တစ်ခုခုစားရအောင်လေ"

သစ္စာက ထောက်ခံပြီး

"အင်း တစ်ခုခုစားကြမယ်လေ
မှူးရော ဘာစားချင်လဲ"

"မှူးကဘာဖြစ်ဖြစ်ရပါတယ် မတို့စားကြလေ"

"ဒါဆို မာလာရှမ်းကောစားမယ်လေ
JoJo ကိုဝင်ကြမယ် မာလာစားမယ်"

သစ္စာပြောသမျှ ဘေးမှ မှူးနဲ့မြတ်ကထောက်ခံပြီး ခေါ်
ဆောင်ရာလိုက်သွားလေသည် ဆိုင်ရောက်တော့ သစ္စာကပဲ
ဦးဆောင်ပြီး ဟိုမှာ ဒီမှာ မှာနေလေသည်

"အကုန်မှာ ပလိုက်ပြီ
တူတူစားမယ်နော်"

မှူး တို့ခေါင်းငြိမ့်ပြတော့ သစ္စာက ကလေးလိုပျော်နေ
ပြန်သည် မှူးက သစ္စာဘာလုပ်လုပ် ဒီတိုင်းငေးကြည့်နေ
မိသည် ဘာလို့လဲဆိုတော့ ချစ်တဲ့သူလုပ်သမျှ ဘာမဆို
ချစ်ဖို့ကောင်းနေတတ်သည်

မှူး သစ္စာကိုကြည့်ရင်းပြုံးနေတတ်သည်ကို မြတ်ကပါ သတိထားမိလာသည် မြတ်က မသိချင်ယောင်ဆောင်နေ
ပေးရသည်

စားစရာတွေမလာခင် မှူးက မြတ်နဲ့သစ္စာတို့ကို လက်ဆောင်ထုတ်ပေးလိုက်သည် မြတ်အတွက်က
ရင်ထိုးလေးဝယ်လာပြီး သစ္စာအတွက်က ဂါဝန်လေးပင်

သစ္စာကတော့ လက်ဆောင် နှစ်ခါရတော့ ဟန်မဆောင်နိုင်သော အပြုံးတွေနဲ့ပင်

စားစရာတွေရောက်လာတော့ မှူးက ပန်းကန်လေးတွေနဲ့
ထည့်ပေးလိုက်သည်

"ရော့ မ အတွက်"

"ဟုတ်ကဲ့ပါ"

မြတ်ကိုပါထည့်ပေးပြီး
"ဒါက မမြတ်အတွက်"

ချစ်ရပါသော ဒိုင်ယာရီလေးရေWhere stories live. Discover now