အပိုင်း(၄)

55.6K 4.7K 295
                                    

တစ်ဦးဆိုင်  ရပ်ဝန်း

Unicode

" ရလား ဖြည်းဖြည်း ထ အမာရွတ် ကလေး "

အမာရွတ် ကလေးလို့ သူ့နာမည် ကို ဖျက်ကာခေါ်နေသည့် ကောင်လေးကြောင့် လမြတ်ဝါက စူပုပ်ပုပ်လေး ဖြစ်သွားရသည်။

" အမာရွတ်ကလေး မဟုတ်ဘူး လမြတ်ဝါဆို ငါ့နာမည်က "

" စူပုပ်ပုပ်လေးနဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းတယ် အမာရွတ်လေးက "

လွန်းလရိပ်ဝေး အသည်းတွေယားလာသောကြောင့်  အမာရွတ်ကလေးရဲ့ ပါးကို လိမ်ဆွဲလိုက်ပြီး ဘေးမှာကြနေတဲ့ စတော်ဘယ်ရီပူတင်း ဘူးလေးကို လက်ထဲထည့်ပေးလိုက်သည်။

လမြတ်ဝါဆိုလည်း  မိမိလက်ထဲရောက်လာသည့် ပူတင်းဘူးလေးကို ကိုင်ထားမိသည်။

" ဟုတ်ပြီ လမြတ်ဝါဆို ဆိုလည်း လမြတ်ဝါဆိုပေါ့ ငါကတော့ အမာရွတ်ကလေး လို့ မင်းကို Nickname ပေးထားတယ်  စတော်ဘယ်ရီ ပူတင်း ယူလာတယ် ပူပူလေးရှိသေးတယ် စားလိုက်ဦး "

ဗိုက်လည်း ဆာနေတာမို့ လမြတ်ဝါဆို ဘာမှမမေးသေးပဲ  လက်ထဲက ပူတင်းဘူးလေးကို ဖွင့်ပြီး နှိုက်စားမိသည်။

" ဒီဘက်တိုးထိုင် စတော်ဘယ်ရီပူတင်း "

စတော်ဘယ်ရီပူတင်း အမာရွတ် ကလေးက သူ့ကို စတော်ဘယ်ရီ ပူတင်း လို့ ခေါ်လိုက်တာလား။

" စတော်ဘယ်ရီ ပူတင်း မဟုတ်ဘူး လွန်းလရိပ်ဝေး လို့ခေါ်တယ် အမာရွတ်ကလေး ရဲ့ "

လမြတ်ဝါဆို ဘေးက စတော်ဘယ်ရီ ပူတင်း ကို ဂြိုလ်ကြည့် ကြည့်ပေးလိုက်သည်။

သူ့ကြတော့ အမာရွတ်ကလေးလို့ ခေါ်ပြီး သူ့ကို စတော်ဘယ်ရီ ပူတင်း  လို့ပြန်ခေါ်တော့ မကြိုက်ဘူး။

" ဖြေးဖြေးစား ငါလုမစားပါဘူး ခြင်တွေ ကိုက်နေပြီလား ဘာလို့အမှောင်ထဲထိုင်နေတာတုန်း "

" စတော်ဘယ်ရီပူတင်း  မင်းနော် ငါ့ကို ဘလိုင်းကြီး လာအော်နေတယ် ငါနဲ့လည်း သိပ်မရင်းနှီးသေးပဲနဲ့ "

လွန်းလရိပ်ဝေး ကတော့ လမြတ်ဝါဆို စကားကို မကြားပဲ သူ့အရပ်နဲ့ မှီလောက်တဲ့ ဘန်ဒါပင် က ဘန်ဒါရွက် ခပ်ကြီးကြီး တစ်ရွက်ကို ခူးနေလေသည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now