တစ်ဦးဆိုင် ရပ်ဝန်း
Unicode
လွန်းလရိပ်ဝေး မနက်အစောကြီး နိုးနေသော ကြောင့် အမာရွတ် ကလေး အတွက် မနက်စာ တစ်ခုခုပြင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဘာမှလည်း သိပ်မကြော် မချက်တတ်တာမို့ ထမင်းအိုးပဲ အရင်တည်ပြီး ပဲပြုတ်သယ် ကို ထွက်စောင့်နေလိုက်သည်။
ပဲပြုတ်ကို သုံးရာဖိုးတစ်ထုပ် နှစ်ရာဖိုးတစ်ထုပ် စုစုပေါင်း ငါးရာဖိုး ဝယ်ပြီးကာမှ များသွားလား ပြန်ချိန်ကြည့်ရသေးသည်။
ဖေဖေနဲ့ မေမေလေးတို့အတွက်က သုံးရာဖိုး အထုပ်ဖြစ်ပြီး သူနဲ့ အမာရွတ် ကလေးအတွက်က နှစ်ရာဖိုး အထုပ်ဖြစ်သည်။
ထမင်း ကျက်ကာမှ ဖေဖေနဲ့မေမေလေးတို့ အတွက်ပါ သပ်သပ်ခူးပြီး ခုနက ဝယ်ထား
သည့် ပဲပြုတ် ဆီစိမ်နှင့် ရောနှယ်လိုက်သည်။ကြက်ဥ ဟက်ဘွိုင် လေးလုံး ကြော်ပြီးသည့် နောက်မှာတော့ အမာရွတ်ကလေးအတွက် ထမင်းဘူးထဲ ပဲပြုတ်ထမင်းနယ် ပူပူလေးနဲ့ ကြက်ဥမကျက်တကျက်လေး က နေရာတကျ ရောက်သွားလေပြီ။
ဖေဖေနဲ့ မေမေလေး အခန်းကို တံခါးသွားခေါက်ကြည့်တော့ မနိုးကြသေးသည်မို့ ထမင်းစားပွဲအောက်မှာပဲ ပြင်ထားပေးပြီး လွန်းလရိပ်ဝေး ရေချိုးရန်ပြင်ရသည်။
မေမေလေးက ထမင်းလည်း ထမချက်ဘူး သူမနက်စောစောကျောင်းတက်ရမှာသိရဲ့သားနဲ့။
သနပ်ခါးလည်း မလိမ်းဘူး မိတ်ကပ်တွေပဲလိမ်းနေတာ။
အညာ မှာကျန်ခဲ့တဲ့ ဘေးဘေဆိုရင် သနပ်ခါးအမြစ်တုံးကို သွေးပြီး ဖုံနေအောင်လိမ်းထားတာ။
ပြီးတော့ ဘေးဘေး အနားကို ဘယ်အချိန် ကပ်ကပ် မွှေးနေတာပဲ ။
လွန်းလရိပ်ဝေး အညာနဲ့ ဘေးဘေ ကို သတိရပေမယ့် အခုချိန် အညာကို ပြန်မလားဆို ဟင့်အင်း သူ့အမာရွတ်ကလေးကို ထားပြီး ပြန်ချင်စိတ်မရှိဘူး။
ဘေးဘေးက အသက်လည်း ကြီးပြီဆိုတော့ ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်သွားပြီ အမာရွတ် ကလေးက အခုမှ ရှစ်တန်းဆို တော့အသက်ကဆယ့်သုံးနှစ်ပေါ့ သူနဲ့အသက်အတူတူပဲ ရှိသေးတယ် ငယ်လည်း ငယ်သေးတာမို့ တစ်ယောက်တည်း ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး ။

YOU ARE READING
တစ်ဦးဆိုင် ရပ်ဝန်း
RomanceThe entire story line and character names are just the imagination of the author.